"Mikage !!!!!!!!"
"Mikage ဘယ်မှာလဲ?"
"Mi....Mikage~"
ကျွန်တော့် အော်ခေါ်သံက လည်ချောင်းဝက ထွက်ဖို့တောင် မနည်းအားယူနေရတယ်! ဝတ်ထားတဲ့ T ရှပ် လည်ပင်းလေးကို ဆွဲဆုတ်ရင်း မျက်ရည်တို့ ဝေ့သီလာသည်!
"Touji~"
ဂျုံခင်းကို ဖြတ်တိုက်လာတဲ့ နွေးထွေးကြင်နာတဲ့ လေသံ သဲ့သဲ့လေး.......
ကျွန်တော် လှည့်ကြည့်မိတော့ ဂျုံပင်တွေအလယ် သစ်ပင်ကြီးရဲ့ သစ်ကိုင်းတခုထက်မှာ Mikage က ထိုင်နေတယ်!
"Mikage !!!!!"
" ဟားဟားဟား သူရဲကောင်းလေးက ငိုလွယ်လိုက်တာ"
"Mikage ညစ်တယ်"
"ဘယ်မှာ ညစ်လို့လဲ?"
"ဘာလို့ရှာမတွေ့အောင် အပင်ပေါ်တက်ပုန်းလဲ"
"ဟားဟားဟား မင်းရှာတွေ့အောင် မင်းနားလေးပဲ နေတာပါ Touji ! မင်းကသာ အဝေးကြီးကို လိုက်ကြည့်နေတာ"
သစ်ရွက်တွေကြားက တိုးဝင်လာတဲ့ နေရောင် တပြောက် နှစ်ပြောက် အောက်က Mikage ရဲ့ အပြုံးဟာ ကြည်လဲ့လဲ့လေး လှတယ်!
"Mikage ကျွန်တော်လည်း အဲဒီပေါ်လာချင်တယ်"
"လာလေ"
Mikage ငုံ့ကမ်းပေးတဲ့ ကြည်လဲ့လဲ့ လက်တစ်ကမ်း.....
အမြဲ အမှတ်ရနေမယ့် စကားလေးကို ကျွန်တော် ရေရွတ်ဖို့ စိတ်ကူးမိတဲ့ တချိန်ထဲမှာပဲ ချိုသာတဲ့ အသံက အရင်ထွက်ပေါ်လာတယ်!
" စိတ်ကိုလျော့ထား...အာရုံပြု .... ဖြည်းဖြည်းချင်းကိုင်ကြည့် ....."
ကျွန်တော် Mikage လက်ကို လှမ်းဆွဲလိုက်သည်!
လေအေးဟာ ဂျုံခင်းကို ဖြတ်တိုက်နေတယ်! သစ်ကိုင်းပေါ်ထိုင်နေတဲ့ ကျွန်တော်တို့နှစ်ယောက် သစ်ရွက်လေတိုးသံတွေကို အတိုင်းသားကြားနေရတယ်! နေရောင်ခြည်ဟာ တဖြည်းဖြည်း အမြင့်ဖက်ကို ရောက်လာပြီဖြစ်သည်!
"ne Mikage !"
"Umm?"
"ကျွန်တော်နဲ့ Mikage လက်ထပ်ကြမယ်လေ"
"ဟာ?"
Mikage က ကျွန်တော့်ကို အလန့်တကြားကြည့်တယ်! မျက်လုံးတွေ ပြူးကျယ် ဝိုင်းစက်ပြီး မျက်ခုံးတွေ ထိစပ်တွန့်ကွေးနေတဲ့ Mikage ကြောင့် ကျွန်တော် ပြောတာ ဘာတွေမှားသွားလဲ လို့ ကျွန်တော်တွေးနေမိတယ်!
VOUS LISEZ
Follow by the Wind ~ [Unicode Version]
Mystère / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
Chapter 11
Depuis le début
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)