"အာ...ဟုတ်ပါတယ်....ဟို အဖိုးနဲ့သိတာလား?"
"Hahahahaha မင်းငါ့ကို မမှတ်မိဘူးလား? အေးပေါ့လေ နှစ်တွေလည်းကြာခဲ့ပြီပဲ..... အင်း အဲ့ဒီ့တုန်းက မင်းက ဟောသလောက် သေးသေးလေးပဲ ရှိသေးတာ"
"ကျွန်တော် ငယ်ငယ်က အဲ့သလောက်တော့ မသေးဘူးထင်တာပါပဲ"
အဖိုးကြီးက မြေကြီးနဲ့ ကပ်ကပ်လေး လက်ကိုနှိမ့်ချပြီး Touji အရပ်ကို တိုင်းပြနေတာကြောင့် Touji မခံချိမခံသာ ပြန်ပြောမိတော့သည်!
"ဟားဟားဟား မင်းကတော့ ငယ်ငယ်ကအတိုင်းပဲ မပြောင်းလဲဘူး ငယ်ငယ်ကလည်း မင်းကို သေးတယ်ပြောရင် သိပ်စိတ်ဆိုးတာကို"
"အယ်......"
ပြောရင်းမှ Touji သတိရလာသလိုပဲ.....ဒီအဖိုးကြီးက......
"ဦးလေး က ဦးလေးFujisaki? "
"ဟားဟားဟားဟားဟား"
ဦးလေးကြီးက သဘောတကျ ရယ်မောလိုက်တယ် !သူက ခေါင်းတငြိမ့်ငြိမ့်နဲ့ ကျေနပ်အားရနေသလိုပဲ!
" မင်း မှတ်မိသားပဲ"
"အရင်ထဲက ကျွန်တော့်ကို သေးတယ်သေးတယ်နဲ့ စနေကျဆိုတော့ မှတ်မိသွားတာပေါ့"
Toujiက ပါးတစ်ဖက်ကို ဆူဖောင်းပြီး ပြောတော့ ဦးလေး Fujisaki က ရယ်ပြန်တယ်!
"လာကွာ အိမ်ထဲကိုလာ.... မင်းအဖိုးအိမ်ကိုကြည့်ဖို့ဆိုရင် သော့တွေငါသိမ်းထားတယ် !"
"ဟုတ်...ဟုတ်ကဲ့"
အဖိုးအိမ်ရဲ့ ဘေးချင်းကပ်လျက်က ဦးလေး Fujisaki ရဲ့ အိမ်ဖြစ်သည်! ငယ်ငယ်ထဲက ဦးလေး Fujisaki ရဲ့ အိမ်ထဲ ကူးသွားပြီး ဆော့ကစားနေကျ ဦးလေးတို့ကလည်း ကလေးငယ်မရှိတဲ့ မိသားစုပီပီ Toujiကို ချစ်ကြတယ်! ဒီနားတဝိုက်မှာတော့ Toujiက ဗိုလ်ပဲ !
"Yaaaaa မင်းက ထွားလာလိုက်တာ ငါမင်းကို ချက်ချင်းမမှတ်မိဘူး မင်းဆံပင်ခွေခွေလေးတွေနဲ့ မနည်းငယ်ရုပ်ဖမ်းရတယ်"
STAI LEGGENDO
Follow by the Wind ~ [Unicode Version]
Mistero / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
Chapter 9
Comincia dall'inizio
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)