လူရှင်းတဲ့နေရာရယ်လို့ မရှိပေမယ့် လူသိပ်မရှုပ်တဲ့နေရာမှာ ခဏရပ်ရင်း ဓာတ်ပုံလှလှလေး ရိုက်ပေးမဲ့သူရှိရင် ကောင်းမယ်တွေးမိ၏။

နှစ်ကိုယ့်တစိိတ်ဖြစ်နေတဲ့ လူအချို့ကို တွေ့လိုက်ရတာကိုး...။

အဲဒီအချိန်မှာပဲ ရုတ်တရက် ကြားလိုက်ရတဲ့ နှစ်လိုဖွယ်‌ကောင်းတဲ့ ချိုမြမြအသံကြောင့် ကြက်သီးထသွားရ၏။

" ဓာတ်ပုံ.. ရိုက်ပေးရမလား... "

တချို့က လူတစ်ယောက်ကိုတွေ့ရင် ခြေထောက်က စကြည့်တယ်တဲ့။ သူ(မ)ကတော့ မျက်လုံးက။ တက်ိုယ်လုံး ‌ပြုပြင်လို့ရရင်တောင် မပြောင်းလဲတာကတော့ မျက်လုံးမလား။

(မျက်လုံးပါ ပြောင်းလို့ရရင်တော့ ခက်ပြီ)

သူ့မျက်လုံးတွေ...။
ဘယ်နေရာမှာ ပြန်‌တွေ့တွေ့ မှတ်မိနိုင်မယ်ထင်တဲ့ တောက်ပလွန်းတဲ့ မျက်၀န်းညိုတွေ။ ပြီးတော့ မျက်တောင်ရှည်တို့က မိန်းကလေးကပင် အားကျချင်စရာ။

" ဟင်.. ရိုက်ပေးရမလား... "

သူနဲ့ အကြည့်ချင်းဆုံသွားတော့ ရှက်ကိုးရှက်ကန်းနဲ့ပဲ မျက်လွှာချလိုက်သည်။ ဘယ်နှယ့် သူများမျက်နှာကို အားမနာတမ်းကြည့်မိရတယ်လို့...။

" ရှင်.. နေပါစေ.. ရပါတယ်... "

" ကျနော်.. ဘုရားပေါ်မှာ ဓာတ်ပုံလိုက်ရိုက်ပေးတဲ့ ဓာတ်ပုံဆရာ မဟုတ်ပါ‌ဘူး... "

သု့လည်ပင်းမှာ လွယ်ထားတဲ့ Cameraကို တချက်ငုံကြည့်ပြီး သူ့လည်ပင်းသူ ပွတ်သပ်ရင်း ပြောလာသည်။

" ဟို.. ဆယ့်ငါးမိနစ်အမြန်တို့ နာရီ၀က်အမြန်တို့ အဲ့လိုမျိုးလဲ မဟုတ်ပါဘူး.. အဲ ကင်မရာက ကျနော်လဲ ဓာတ်ပုံရိုက် ဝါသနာပါလို့ပါ... "

" ကျေးဇူးတင်ပါတယ်.. ဒါမဲ့ မရိုက်တော့ပါဘူး... "

" ဟိုးဘက်မှာ ဘုရား.. ဒီဘက်မှာ တောင်တန်းတွေနဲ့ အရမ်းလှတဲ့ ရှုခင်းကို ခင်ဗျားက လက်လွှတ်ခံချင်တယ်ပေါ့... "

တခါမှ မတွေ့ဘူး မသိဘူးတဲ့ ယောက်ျားတယောက်က ဓာတ်ပုံရိုက်ပေးမယ် ဆိုတော့ ခေါင်းထဲမှာ မလုပ်သင့်ဘူး၊ လက်မခံသင့်ဘူး၊ မရိုက်သင့်ဘူး၊ ဘာလို့ ရပ်ပြီး စကားပြောနေတာလဲ သွားတော့ ဆိုတဲ့ alarmတွေ မြည်နေ၏။

GladioliWhere stories live. Discover now