Beginning - 1

26.3K 351 21
                                        

ရင်သပ်ရှုမောဖို့ကောင်းတဲ့ စိမ်းစိုလှပတဲ့ တောင်တန်းကြီးတွေ။ ဘောဂ၀တီပြည်က နဂါးမနဲ့ ဆေးမြစ်ရှာတဲ့ ဝိဇ္ဇာဓိုရ်တို့ရဲ့ဇာတ်လမ်းတွေ။

ဒီဒေသဟာ ဒဏ္ဍာရီလာ သမိုင်းကြောင်းတို့နဲ့ လွမ်းဆွတ်စရာကောင်းလိုက်တာများ။

ထီးနန်းစည်းစိမ်ကို အလိုမရှ်ိဘဲ ရသေ့ရဟန်းပြုကြတဲ့ ရသေ့ညီနောင်နှစ်ပါးဟာ တစ်နေရာစီမှာ သီတင်းသုံးရင်း ကိစ္စကြီးငယ်တစ်စုံတစ်ရာရှိရင် မီးနဲ့အချက်ပြလေ့ရှိတယ်တဲ့။

ရွေ့လျားနေတဲ့ အပြာရောင်Cable Carတန်းကို ငေးမောကြည့်ရင်း ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရတဲ့ အကြောင်းအရာတို့ကို ပြန်တွေးမိသည်။

အတူစီးပေးမယ့်သူလည်း မရှိသလို၊ သူစိမ်းတွေနဲ့ စီးနင်းရမှာလည်း ၀န်လေးတာကြောင့် Cable Carအဆောက်အဦးရဲ့ ဘေးနားကနေ ငေးကြည့်ယုံသာ တတ်နိုင်လေ၏။

လာတုန်းကတော့ တစ်ယောက်တည်းလည်း ဘာဖြစ်လဲ Cableစီးမယ်ဆိုပြီး အားတင်းလာခဲ့ပြီးမှ Cable‌တွေ မြင်လိုက်ရတော့ မစီးချင်တော့ဘူး။ စိတ်ကိုက ရူးတောတော ပေါကြောင်ကြောင်နဲ့။

တောင်တက်ကားတွေဆီက စက်သံ၊ တောင်အောက်ဆင်းမယ့်ကားကို စောင့်နေကြတဲ့ လူတွေရဲ့ဆူညံသံတွေနဲ့ ပတ်၀န်းကျင်ဂာ စည်ကားနေ၏။

ခါးပိုက်နှိုက်လည်း ကြောက်ရသေးတာကြောင့် ပိုက်ဆံအိတ်ကို ဂရုစိုက်ပြီး ဘုရားရင်ပြင်ပေါ် ပြန်တက်ဖို့ပြင်ရသည်။

တောင်တက်ခရီးကိုတော့ ကားနဲ့တက်ခဲ့တာဖြစ်ပြီး အပြန်ကိုတော့ မီးတုတ်လေးကိုင်ပြီး ခြေလျင်ဆင်းမည်ဟု ဆုံးဖြတ်ထားသည်။

လမ်းဘေးဝဲယာတစ်လျှောက်လုံးမှာ
တွေ့နေရတဲ့ ဈေးသည်တွေ၊ အထမ်းသမားရဲ့ ဘေးကပ်ခိုင်းတဲ့အသံတွေ၊ ကလေးတွေလူစုကွဲမှာစိုးလို့ ‌အော်ဟစ်နေကြတဲ့ အသံတွေ။

GladioliStories to obsess over. Discover now