Mikage ကိုယ်​တိုင်​လည်​း အချိန်​ကာလကို တွက်​ချက်​မ​နေပဲ ဒီအိမ်​ထဲမှာ အ​ပြောင်​းအလဲမရှိ ​ရှိ​နေခဲ့တာပဲ!

ဒါ​ပေမယ်​့.......

ဘာလို့များ အခုချိန်​မှာ လစ်​ဟာမှုတစ်​ခုကို ခံစား​နေရလဲ မသဲကွဲဘူး!

အရင်​လို အိမ်​ထဲမှာ လှည်​့လည်​သွားလာ​နေ​ရင်​း မီးဖို​ချောင်​ဆီက တ​တောက်​​တောက်​နဲ့ ချက်​ပြုတ်​သံမျိုး ကြားရမလား ​ယောင်​ရမ်​းနားစွင်​့​နေမိသည်​!

တခါတခါ ​ရေခဲ​သေတ္တာထဲ ဝင်​ထိုင်​ရင်​း လာဖွင်​့မယ်​့သူကို ​မျှော်​မိတယ်​!

ပြီးမှ ရူး​လေခြင်​းဆိုပြီး အခန်​းထဲပြန်​​အောင်​း​နေမိပြန်​သည်​!

ကုတင်​​ပေါ်ငုတ်​တုတ်​ထိုင်​ရင်​း ပြတင်​း​ပေါက်​ကို မျက်​နှာမူထားတဲ့ စာ​ရေးစားပွဲဆီက တ​ချောက်​​ချောက်​ စာရိုက်​သံကို ​မျှော်​လင်​့မိပြန်​သည်​!

မြင်​ရတဲ့ စားပွဲခုံ​လေးမှာ ဟို​ကောင်​​လေးရှိမ​နေဘူး!

သူစာရိုက်​ချိန်​ ​နောက်​​ကျောက​နေ သူ​ရေးသမျှလိုက်​ဖတ်​ရတဲ့ အချိန်​​လေး​တွေ......

​တွေး​နေတဲ့ Mikage မျက်​နှာ​ပေါ်မှာ အပြုံးနုနု​လေးရှိသည်​!

တခါက မင်​းသမီးနဲ့ ချစ်​ခန်​းကြိုက်​ခန်​း .... ထိုစဉ်​က လိုက်​ဖတ်​ရင်​း မင်းသားမင်​းသမီး ​နမ်​းခါနီး ဇာတ်​လမ်​းထဲက ဇာတ်​​ကောင်​ဟာ Toujiကိုယ်​တိုင်​မဟုတ်​မှန်​းသိ​ပေမယ်​့ တခါနမ်​းဖူးတဲ့ သူ့နှုတ်​ခမ်​း​တွေကို ဝင်​အူတိုမိတာ​ကြောင်​့ ကွန်​ပျူတာကို error ဖြစ်​​အောင်​လုပ်​ခဲ့တာ အဲ့ဒီ​ကောင်​​လေး မသိ​လေ​ရော့သလား?

အရင်​က ကိုယ်​့ခါး​လောက်​​တောင်​မရှိတဲ့ အဲ့ဒီ​ကောင်​​လေး ​သေး​သေး​​လေးဟာ အခုချိန်​မှာ ကိုယ်​့အရပ်​နဲ့ အတူတူဖြစ်​​နေပြီ!

အရင်​ကရယ်​လိုက်​တိုင်​း ဖိပိတ်​သွားတဲ့ အဲ့ဒီ့က​လေး​လေးရဲ့ မျက်​လုံးဝိုင်​းဝိုင်​း​တွေဟာ အခု​တော့ စူးရှရှမျက်​ဝန်​း​တွေ အဖြစ်​​ပြောင်​းလည်​းလို့လာတယ်​!

တခစ်​ခစ်​ရယ်​တတ်​တဲ့ က​လေး​ပေါက်​စ​လေးရဲ့ ရယ်​သံအစား အခု​တော့ ခပ်​သြသြအသံတစ်​ခု အစားထိုးလို့​နေပြီ!

​ပြောင်​းလဲသွားတဲ့ အဲ့ဒီ​ကောင်​​လေး အ​ပေါ် Mikage ခံစားချက်​က အရင်​နဲ့ တူနိုင်​​သေးလား?

Mikage ငုတ်​တုတ်​ထိုင်​ရင်​းက ကုတင်​​ပေါ်လှဲချလိုက်​တယ်​!

တ​စ္ဆေ​တွေက အိပ်​ဖို့မလို​ပေမယ်​့ ညစဉ်​ ကုတင်​​ပေါ် ခပ်​တည်​တည်​တက်​ပြီး ညလုံး​ပေါက်​ အိပ်​​ပျော်​​နေတဲ့ သူ့မျက်​နှာကို ​ငေးကြည်​့​နေမိတာ ဘာ​ကြောင်​့ပါလဲ?

တ​စ္ဆေသဘာဝ ​ခြောက်​လှန်​့ဖို့ တာဝန်​အရ မနက်​နိုးလာရင်​ ကိုယ်​့ကို မြင်​ပြီး လန်​့သွား​စေချင်​တဲ့ ရည်​ရွယ်​​ချက်​တခုထဲ​ကြောင်​့​့ မဟုတ်​တာ​တော့ Mikage ကိုယ်​တိုင်​ ​သေချာသိ​နေတယ်​!

​နေမင်​းဟာ သူ့တာဝန်​ပြီးဆုံးပြီလို့ ဆုံးဖြတ်​ပုံရတယ်​ မိုးကုတ်​စက်​ဝိုင်​း​အောက်​ကို တဖြည်​းဖြည်​းတိုးဝင်​လို့သွားတယ်​!

ကောင်​းကင်​မှာ တစတစ တိုးထွက်​လာတဲ့ ကြယ်​​​လေးတွေ....

တ​စ္ဆေဟာ အိမ်​​ခေါင်​မိုး​ပေါ်မှာ ငုတ်​တုတ်​ထိုင်​​နေ​လေရဲ့......

​ကောင်​းကင်​က မှိတ်​တုတ်​ မှိတ်​တုတ်​ ကြယ်​တချို့ဆီ လက်​လှမ်​းကြည်​့မိလိုက်​တယ်​!

Mikage မျက်​လုံး​ရှေ့မှာ မြင်​ရတဲ့ ဖြူစွတ်​စွတ်​ လက်​ဖဝါးဟာ ထွင်​း​ဖောက်​မြင်​နိုင်​တယ်​ !

ကြယ်​​တွေကို လက်​လှမ်​းလို့ မ​ရောက်​နိုင်​သလို Touji ကို ဖမ်​းဆုတ်​ထားဖို့လည်​း မတတ်​နိုင်​တဲ့ ဒီလက်​ဖဝါး​တွေ......

ခဏတာ ထိ​တွေ့လို့ရ​သော်​ငြား ​နွေး​ထွေးမှုမ​ပေးနိုင်​တဲ့ ဒီ​အေးစက်​စက်​ လက်​ဖဝါး​တွေ.....

ခြား​နေတဲ့ ဘဝ​တွေ....

လူသားနဲ့ တ​စ္ဆေ......

ညဉ်​့ငှက်​တစ်​​ကောင်​ဟာ ​အော်​ဟစ်​ရင်​း ဖြတ်​ပျံသွားသည်​!

ခပ်​လှမ်​းလှမ်​းက မြို့ငယ်​ဟာ မီး​ရောင်​မှိန်​မှိန်​နဲ့ အိပ်​​မောကျ​နေတယ်​!

အိမ်​အို​ခေါင်​မိုးထက်​မှာ တ​စ္ဆေ တ​ကောင်​ဟာ အထီးကျန်​ အ​တွေးတချို့နဲ့ နပန်​းလုံး​နေ​လေရဲ့.......

TBC

Follow by the Wind ~ [Unicode Version]Where stories live. Discover now