🎐Follow By The Wind 🎐

"Mikage ကျွန်​​တော်​သွားပြီ​နော်​ ! သိပ်​မကြာဘူး မြန်​မြန်​ပြန်​လာခဲ့မယ်​ ! ကျွန်​​တော်​ မရည်​ရွယ်​ပဲ ​မေ့သွားတဲ့ Mikage အ​ကြောင်​းကို အကုန်​ပြန်​မှတ်​မိ​အောင်​ ကျွန်​​တော်​ ကြိုးစားခဲ့မယ်​ သိလား Mikage!"

အိမ်​​အောက်​ထပ်​ ဧည်​့ခန်​းမှာ Toujiတစ်​​ယောက်​ထဲ ​အော်​ဟစ်​နှုတ်​ဆက်​​နေသည်​ထိ Mikage ​ပေါ်မလာဘူး ! အိမ်​တံခါးကို ​သော့ခတ်​ပြီး ခြံဝက လှည်​့ကြည်​့မိ​တော့ အ​ပေါ်ထပ်​ စာကြည်​့ခန်​း ပြတင်​း​ပေါက်​ လိုက်​ကာ​လေး လှုပ်​ရှား​နေတယ်​ ! Mikage အဲ့ဒီ့အခန်​းထဲက​နေကြည်​့​နေမှာ​သေချာသည်​ ! Touji လက်​​ဝှေ့ရမ်​းပြလိုက်​​တော့ ခန်​းဆီးက ဆွဲပိတ်​သွားတယ်​ !

"အဟက်​"

​ကောင်​းကင်​က တိမ်​ကင်​းစင်​ပြီး ကြည်​လင်​ဆဲ ...

အတိတ်​ကို တူး​ဖော်​ဖို့ ခရီးတစ်​ခုအတွက်​ နမိတ်​​ကောင်​းတစ်​ခုဖြစ်​ဟန်​တူသည်​ !

🎐Follow By The Wind 🎐

​ကျောပိုးအိတ်​​လေးလွယ်​ လက်​တစ်​ဖက်​က ခရီး​ဆောင်​အိတ်​ကိုဆွဲပြီး အဲ့ဒီ့ ဆံပင်​နီညို​ရောင်​ လိပ်​​ခွေ​ခွေ​တွေနဲ့​ကောင်​​လေး ဟာ ခြံထဲက ထွက်​သွားတယ်​ !

ကိုယ်​ထင်​မပြထား​ပေမယ်​့ ဒီ​လောက်​​ဝေး​နေတဲ့ ​နေရာက​နေ​တောင်​ Toujiက သူရှိ​နေမယ်​့ ​နေရာကို လှမ်​းကြည်​့ပြီး ပြုံးပြ​နေတာ​ကြောင်​့ Mikage ခန်​းဆီးကို ဆွဲပိတ်​လိုက်​တယ်​ !

"ဘာ​ကောင်​မှန်​းမသိဘူး သွားမှာ သွားတာမဟုတ်​ဘူး"

တိုးတိုး​ရေရွတ်​ရင်​း ခန်​းဆီးပြန်​ဖွင်​့​တော့ Touji မရှိ​တော့ဘူး !

အိမ်​​ရှေ့လမ်​း.... ခြံဝန်​းတံခါး​ပေါ်တက်​​နေတဲ့ နွယ်​ပင်​တချို့နဲ့ အရာအားလုံးဟာ တိတ်​ဆိတ်​စွာ အထီးကျန်​လို့​နေသည်​!

ဒီအိမ်​က နှစ်​​ပေါင်​းများစွာ တိတ်​ဆိတ်​စွာတည်​ရှိ​နေခဲ့တာပဲ! ည​ပေါင်​းများစွာဟာ အသံတိတ်​ကုန်​ဆုံးသွားပြီး မနက်​ခင်​း​ပေါင်​းများစွာဟာ ​နေ​ရောင်​ခြည်​​တွေကို လုပ်​ထုံးလုပ်​နည်​းအတိုင်​း သယ်​​ဆောင်​လာကာ တာဝန်​တစ်ခုထမ်း​​ဆောင်​​နေသလို ​ရောက်​​ရောက်​လာခဲ့တာပဲ!

Follow by the Wind ~ [Unicode Version]Where stories live. Discover now