"ဖယ်ကွာ ... ငါဖြေပြီးပြီ "
"ကျန်သေးတယ် မေးခွန်းက မေးခွန်း ၃ ... ဂျုံးခင်းက ဘယ်မှာရှိတာလဲ ?"
"မင်းခေါင်းထိခိုက်ဖူးတာလား?"
ပြန်ရတဲ့ အဖြေဟာ မေးခွန်းဖြစ်နေတော့ Touji မျက်ခုံးတွေ ပင့်တက်သွားတယ်!
"မထိခိုက်ဖူးပါဘူး ?"
"အဖြေကို မေးခွန်းလို မဖြေစမ်းနဲ့ ! ဖယ်တော့ ငါ့ပေါ်ခွထိုင်ထားတာ လေးတယ်"
"ဟမ် တစ္ဆေက လေးတယ် ဘာတယ် ရှိလို့လား?"
"ရှိရှိ မရှိရှိ ဖယ်ကွာ "
"နေပါအုံး နောက်မေးခွန်းတခု.... မေးခွန်း ၄ အဖိုးနဲ့ Mikageနဲ့ သိလား ဘယ်လိုပတ်သတ်လဲ?"
"အကူအညီပေးမဲ့သူနဲ့ အကူအညီတောင်းခံသူ...ဒါပေမယ့် ....."
Mikage က စကားကိုတန်းလန်းမှာ ရပ်ထားတယ်! ဆက်ဖြေတော့မယ် ပုံ မပေါ်တော့......
Touji တိတ်တခိုး သက်ပြင်းချလိုက်ရတယ် ! တစ္ဆေကို ချော့နေရတဲ့ ကိုယ့်အဖြစ်ကို ရယ်ချင်မိတယ် !
"မေးခွန်း ၅... "
"မကုန်သေးဘူးလား မင်းမေးခွန်းတွေက ဖယ်စမ်း!!!!"
"အဲ နေ နေပါအုံး တစ်ခုပဲ ဒီတစ်ခုပဲ !!!!!!"
စိတ်မရှည်တော့ဟန်နဲ့ Mikage က အတင်းရုန်းတော့ Touji က အားထည့်ပြီး အတင်းဖိထားရတယ် ! အေးစက်စက် Mikage နဲ့ ရင်ခွင်ချင်းနီးလာတဲ့ အခါ Touji နှလုံးက ထူးခြားစွာ နွေးနွေးလေးခုန်နေသည် !
"မေးခွန်း ၅...."
မေးခွန်းကို စိတ်မရှည်စွာ ငံလင့်နေတဲ့ Mikage မျက်ခုံးတွေ ထိစပ်နေတယ် !
**ငါဘာမေးမလို့လဲ?**
ပျောက်ဆုံးသွားတဲ့ ဗလာဖြစ်မှုနောက်မှာ Touji နှုတ်က အလိုလိုထွက်သွားတဲ့ စကားတစ်ခွန်း......
" Mikage ကျွန်တော့်ကို ချစ်လား"
ပတ်ဝန်းကျင်လေထုဟာ ရုတ်ချည်းအေးစက်သွားတယ် !
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
Chapter 7
Start from the beginning
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)