အမည်​း​ရောင်​ ​ဒေါင်​လိုက်​ မျဉ်​းတုံး ​သေး​သေး​လေးဟာ ​ပေါ်လိုက်​ ​ပျောက်​လိုက်​......

| စာ​ရေးစရာရှိတာ ​ရေး​လေ ဘာလို့​ငေးငိုင်​​နေတာလည်​း ?

ရုတ်​တရက်​ screen ​ပေါ်​ပေါ်လာတဲ့ စာတန်​းတချို့......

Touji လန်​့ဖြန်​့ပြီး ​ဘေးဘီကို အကြည်​့ Mikage က အခန်​းဝမှာ တံခါး​ဘောင်​ကို မှီရပ်​​နေသည်​!

"ခင်​ဗျား​ကြောင်​့ သိရဲ့လား ! အ​တွေး​တွေ များပြီး စာထဲအာရုံမ​ရောက်​​တော့ဘူး !"

Toujiက အပြစ်​တင်​သလို​ပြော​တော့ Mikage က တဖက်​လှည်​့သွားတယ်​ ! သူနဲ့ မပတ်​သတ်​သလို မျက်​နှာထားနဲ့......

"​ပြောပြပါဆို​တော့လည်​း မ​ပြောပြဘူး"

"တချို့ကိစ္စ​တွေက ကိုယ်​တိုင်​မှတ်​မိတာ ပို​ကောင်​းတယ်​"

"ဘယ်​သူ့ ​လော့ဂျစ်​တုန်​း အဲ့ဒါကြီးက "

"Mikage ​လော့ဂျစ်​"

"ဟမ်​?"

ဤသို့ဖြင်​့ Touji တ​စ္ဆေကို အမြဲအရှုံး​ပေးရ​လေသည်​ !

"ကျွန်​​တော်​ စာ​ရေးမရရင်​ ထမင်​းဖိုးမရ​တော့ ငတ်​​တော့မှာပဲ"

"အဲ့ဒါမင်​းကိစ္စ​လေ"

"ဟမ်​ ခင်​ဗျား​ကြောင်​့ ကျွန်​​တော်​ ဒီလိုဖြစ်​တာ​လေ ခင်​ဗျားတာဝန်​ယူ"

"ငါ့ အ​ကြောင်​းလည်​း မင်​းဟာမင်​း စဉ်​းစား​နေတာကို ငါစဉ်​းစားခိုင်​းလို့လား?"

အဲ့သလို လက်​​ပေါက်​ကပ်​တဲ့ တ​စ္ဆေပါ​လေ !

"ဒါဖြင်​့ ဘာလို့ ကျွန်​​တော်​့​ရှေ့​ပေါ်လာတုန်​း?"

"မင်​းက ငါ​နေတဲ့​နေရာကို အတင်​းလာ​နေ​နေတာမဟုတ်​ဖူးလား?"

Touji နှဖူးနဲ့ စားပွဲ ​ဆောင်​့ပစ်​လိုက်​သည်​!

Mikage က "ငါလုပ်​တာမဟုတ်​ဖူး​နော်​ မင်​းဟာမင်​းလုပ်​​နေတာ" လို့ ​ပြော​နေ​သေးတယ်​!

အဲ့ဒီကုတင်​​ပေါ် တင်​ပလွှဲထိုင်​ရင်​း သူ့လက်​​ချောင်​း​တွေကို သူ​ထောင်​ကြည်​့​နေတဲ့ တ​စ္ဆေကို Touji ကိုင်​​ဆောင်​့ချင်​လာတယ်​!

Follow by the Wind ~ [Unicode Version]Where stories live. Discover now