တကိုယ်လုံးရှိသမျှအားအင်တွေ ကုန်ဆုံးသွားသလိုပဲ!
"အမလေး... Mikage လို့ခေါ်ဖို့ကိစ္စ ... အဲ့လို ကပ်ပြောစရာလား???? အေးစက်စက်ကြီး!!!"
Touji ကြမ်းပေါ်ငုတ်တုတ်ထိုင်ရင်း ပုခုံးတွေပူအောင် ပွတ်နေမိသည် !အခုထိ ကြက်သီးထတာ မရပ်သေး!
🎐Follow by the wind 🎐
◆◆ညက စဉ်းစားမိတဲ့ ဇာတ်လမ်းကို ဘယ်လိုရှေ့ဆက်ရမလဲ?◆◆
Touji ပေါင်မုန့်မီးကင်ရင်း ရေးလက်စ ဝတ္ထုအတွက် စဉ်းစားခန်းဖွင့်နေသည်! ဒီအိမ်ကိုရောက်ပြီး မကြာခင်မှာပဲ Touji ဝတ္ထုတစ်ပုဒ်စရေးတယ်!
အိမ်က လျို့ဝှက်ချက်အပြည့်ဖြစ်နေပေမယ့်....Mikage ရှိနေပေမယ့် Touji အတွေးက ရှုပ်ထွေးမနေပဲ ဇာတ်လမ်းတစ်ပုဒ်ကို အလွယ်တကူပဲ အာရုံဝင်စားမိသည်!
အခန်းဆက်ရေးဖို့ စိတ်ကူးထားတော့ ရေးပြီးသလောက်ကို စာအုပ်တိုက်ဆီ net ကနေ လှမ်းပို့ လိုက်တယ်! အယ်ဒီတာကလည်း ယခု ဇာတ်လမ်းကို လက်ခံလေသည်! Touji အတွက် လစဉ် မဂ္ဂဇင်းမှာပါဖို့ ကြိုးစားအားထုတ်ရတော့တယ်!
"ဘာပဲပြောပြော ဒီအိမ်နဲ့ လမိုင်းကပ်တယ်ပြောရမှာပဲ Hahaha"
"ရေခဲသေတ္တာထဲမှာ မနေ့က ဝယ်ထားတဲ့ ချိစ်ကျန်သေးတယ်ထင်တယ် ! မနက်စာကို အဲ့ဒါပဲစားလိုက်တော့မယ်"
အတွေးနဲ့ ရေခဲသေတ္တာကို ဆွဲအဖွင့်....မြင်လိုက်ရတဲ့ ဖြူလျှော်လျှော်မျက်နှာ....
"ARRRRRRRRRRRRRR~ Mi...Mikage!!!!"
Mikage က ရေခဲသေတ္တာထဲ ငုတ်တုတ်ထိုင်နေလေသည်!
*pufffff*
◆◆ဘာလဲ? ဘာလဲ သူရယ်လိုက်တာလား????◆◆
သစ်ရွက်တစ်ရွက် လေနောက်လွင့်သွားသလို အနားကထွက်သွားတဲ့ Mikage မျက်နှာဆီမှာ အပြောင်းအလဲလေး တစ်ခု မြင်လိုက်ရတယ်! Touji ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင်ဘူး!
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
Chapter 6
Start from the beginning
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)