"အဟွတ်~ အဟွတ်....ဟွတ်"
Touji တွေးရင်း တွေးရင်း အတွေးလွန်ပြီး သွားပွတ်တံနဲ့ အာခေါင်ချော်ထိုးမိလေသည်!
"ငါလည်း တနည်းနည်းနဲ့ အသက်ထွက်ကိန်းပဲ အဟက်ဟက်"
ဘေစင်မှာ မျက်နှာငုံ့သစ်ပြီး ပြန်အမော့ ရှေ့တည့်တည့်က မှန်က ရေငွေ့ရိုက်ပြီး မှုန်ဝါးနေတယ်! လက်ဖဝါးနဲ့ တချက်အသပ်....
နောက်ကျောတည့်တည့် မြင်လိုက်ရတဲ့ အဖြူရောင် ပုံရိပ်တခု.....
"အမလေး!!!!"
Touji လန့်ဖြန်ပြီး ဘေစင်နဲ့ ကျောနဲ့ကပ်သွားသည်!
"Mikage san ... ဟို Mikage san က တစ္ဆေဆိုတာတော့ ကျွန်တော်သဘောပေါက်ပါတယ်ဗျာ! ဒါပေမယ့် အခုလို ဟိုနားပေါ်လာ ဒီနား အတောင့်လိုက်ကြီးတော့ မလုပ်ပါနဲ့ ဗျ! လန့်တယ်! တကယ်ဆိုရင်...."
"Ekkk...."
Mikage က ရုတ်တရက်ဆိုသလို Touji နားတိုးကပ်လာတာကြောင့် Touji ကျောနဲ့ ဘေစင်နဲ့ တသားထဲနီးပါးကပ်ပြီး အတောင့်လိုက် မျက်လုံးပြူးနေတယ် !
Mikage ပိုနီးလာတာနဲ့ လေထုက ပိုအေးစက်လာတယ်!
မပြောင်းလည်းတဲ့ မျက်ဝန်းတွေ အေးစက်တဲ့ ပင်လယ်သေလိုမျက်ဝန်းတွေ နီးကပ်လာတာနဲ့ အမျှ Touji ရင်ဘတ်ထဲက နှလုံးက အချိုးကျကျမခုန်တတ်တော့ဘူး!
Mikage က Touji နောက်က မှန်ဆီကို လက်လှမ်းထောက်လိုက်တော့ Touji တစ်ယောက် တစ္ဆေရင်ခွင်မှာ ပိတ်မိနေတော့တယ်!
"Mikage ! Mikage လို့ပဲခေါ်"
"........"
Touji အာမေဋိတ်သံ ပြုချင်ပေမယ့် အသံက လည်ချောင်းထဲက ထွက်မလာဘူး! Mikage အေးစက်မှုကြောင့် လည်ချောင်းထဲ အသံခဲနေပြီထင်သည်!
Mikage ကတော့ ပြောပြီး တိမ်တစလို့ လွင့်မျောပျောက်ကွယ်သွားတယ်!
"haaaaa~"
နောက်ဆုံး ခြေထောက်တွေ မခိုင်တော့တဲ့ Touji ကြမ်းပေါ်ထိုင်ကျသွားသည်!
أنت تقرأ
Follow by the Wind ~ [Unicode Version]
غموض / إثارةTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
Chapter 6
ابدأ من البداية
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)