👻👻👻👻👻👻👻👻👻👻👻👻👻👻👻👻

ညစာနဲ့ လွတ်​သွားတဲ့ ​နေ့လည်​စာ ​ပေါင်​းစားဖို့ Touji ကြံ​နေတယ်​! မီးဖိုထဲမှာ မနက်​က ဝယ်​လာတဲ့စားစရာ​တွေ အဆင်​​ပြေသလို ချက်​ပြုတ်​​နေမိသည်​!

အိမ်​ကို တစ်​​ယောက်​ထဲ​ရောက်​လာပြီး အရင်​လည်​း တစ်​​ယောက်​ထဲ ​နေခဲ့သူဖြစ်​​ပေမယ်​့ ဘာလို့ ခုမှမျက်​စိရှာ​နေမှန်​းမသိဘူး! တ​နေရာ​ရောက်​ရင် Mikageကို ရိုးတိုးရိပ်​တိတ်​ ​တွေ့ရမလား ဆိုပြီး Touji ရှာရှာ​နေမိတယ်​! ဒီ​နေ့မှ ရှိ​နေမှန်​း​သေချာသိရတဲ့ တ​စ္ဆေကို ဘာလို့ စိတ်​ဝင်​စား​နေမိမှန်​း​တော့ Touji အ​ဖြေမရှာတတ်​!

အ​ဖြေမရှာတတ်​လို့ ​နောက်​မှ...ဆိုပြီး ထားခဲ့တဲ့ ပုစ္ဆာ​တွေ Touji ရင်​ထဲ အပြည်​့ဖြစ်​လို့​နေပြီ!

"itatakimasu"

ညစာ စားခါနီး စားပွဲဝိုင်​းမှာ တစ်​​ယောက်​ထဲ လက်​အုပ်​ချီဆု​တောင်​းလိုက်​ရင်​း အခန်​းထဲ ​ဝေ့ကြည်​့မိပြန်​သည်​!

အခန်​း​က တိတ်​ဆိတ်​ငြိမ်​သက်​လို့.....

အိမ်​အပြင်​မှာ ညပိုး​ကောင်​​တွေရဲ့ ​အော်​သံကို ကြား​နေရတယ်​!

တစ်​ယောက်​ထဲ ညစာကို တိတ်​ဆိတ်​စွာ စား​​နေရတာ အထီးကျန်​လာသလိုပဲ....

ထူးဆန်​းတယ်​ ...... အရင်​တစ်​​ယောက်​ထဲ ​နေသားကျ​နေ​ပေမယ်​့လို့ တခါသာ ဝိုးတဝါး​တွေ့လိုက်​ရတဲ့ တ​စ္ဆေကို ထပ်​​တွေ့ချင်​စိတ်​ ဘာလို့ပြင်​းပြ​နေလဲ?

ဒါ​တွေဟာ ပတ်​ဝန်​းကျင်​ရဲ့ လှည်​့ဖျားမှု​ကြောင်​့ စိတ်​ကို ထင်​​ယောင်​ထင်​မှား ခံစားလာ​စေတာလား?

တထီးတည်​း တည်​ရှိ​နေတဲ့ ဒီအိမ်​ဟာလည်​း အထီးကျန်​ဆန်​တယ်​​လေ.....

​အဲ့ဒီ့​နောက်​ ....

အခုမျက်​လုံးမှိတ်​လိုက်​တိုင်​း ပြန်​မြင်​​ယောင်​မိတဲ့ ပင်​လယ်​​သေလို မျက်​ဝန်​း​တွေ.....

"Mikage san"

သူ့နာမည်​ ခပ်​တိုးတိုး​ရေရွတ်​မိတဲ့ ကိုယ်​့ကိုယ်​ကို အရမ်​းအံ့သြမိတယ်​!

ညဟာ ပိုနက်​လာ​ပေမယ်​့ Touji ကုတင်​​ပေါ်မှာ ဟိုလှိမ်​့ဒီလှိမ်​့ အိပ်​​မ​ပျော်​ဘူး!

ည​နေထဲက ပွားများလာတဲ့ အ​တွေး​တွေဟာ အခုချိန်​ ဦး​နှောက်​ထဲမှာ ကျပ်​ပိတ်​သိပ်​​နေတယ်​!

အဖိုး ဘာလို့ဒီအိမ်​ကို အ​မွေ​ပေးခဲ့တာလဲ?

ဒီအိမ်​မှာ ရှိ​နေတဲ့ Mikage နဲ့ ပတ်​သတ်​သလား?

ဒါမှ မဟုတ်​ မထင်​မှတ်​တဲ့ တိုက်ဆိုင်​မှုလား?

ပြီး​တော့ အိမ်​မက်​​တွေ....

ဂျုံခင်​းထဲက ​ကျောပြင်​.....

ဒီအိမ်​ကြီးက ​လှေကား​ဘေးမှာ စီတန်​းချိတ်​ဆွဲထားတဲ့ ပန်​းချီကားတစ်​ချပ်​ထဲက ​ကျောပြင်​.....

ဒါ​တွေက ပတ်​သတ်​​နေလား?

​နောက်​ဆုံး​တော့ ဉာဏ်​တိမ်​တဲ့ Touji အတွက်​ ဘဲဥအစရှာမရသလိုပဲ လိပ်​ပတ်​လည်​​နေတယ်​!

ဒါ​တွေ အ​ဖြေ​ပေါ်ဖို့ အချိန်​တစ်​ခု ​စောင်​့ရမယ်​လို့ပဲ Touji အ​တွေးပိုက်​ထားလိုက်​​တော့သည်​!

TBC

Follow by the Wind ~ [Unicode Version]Where stories live. Discover now