Touji တစ်​​ယောက်​ထဲ အခန်​းထဲက ဖုန်​​တွေရှင်​းရင်​း တတွတ်​တွတ်​ ​ပြော​နေသည်​! အခန်​းက​တော့ မူလအတိုင်​း တိတ်​ဆိတ်​လို့!

တံခါးဖွင်​့တာ​တွေ ပိတ်​တာ​တွေ ဘာတုန်​့ပြန်​မှုမှ မရှိသည်​့အတွက်​ Mikage သ​​ဘောတူတယ်​လို့ပဲ Touji မှတ်​ထားလိုက်​တယ်​!

ကုတင်​​ဘေးနားက ပြတင်​း​ပေါက်​နားမှာ စ​ာ​ရေးစားပွဲခုံကို ​နေရာချလိုက်​တယ်​! ပြတင်​း​ပေါက်​က​နေ အပြင်​ကို ​ငေးကြည်​့ရင်​း ခံစားချက်​​ကောင်​း​ကောင်​းနဲ့ စာ​ရေးနိုင်​မှာပဲ! 

အခန်​းထဲက စာအုပ်​စင်​ပု​လေးကို စားပွဲနား တိုးကပ်​ထားလိုက်​သည်​! ဒါဆို ဟိုဖက်​အခန်​းက စာအုပ်​တချို့ ဒီမှာတင်​ထားလို့ရတယ်​!

​တော်​​တော်​​လေး ရှင်​းလင်​း​နေရာချထားပြီး​တော့ အချိန်​က ​နေ့လည်​ကို ​ကျော်​လွန်​လို့ ည​နေ​စောင်​းချင်​လာပြီ! လုပ်​လက်​စ အလုပ်​​တွေ ပြီး​အောင်​ဆက်​တိုက်​လုပ်​လိုက်​တာ အခုမှ ဗိုက်​က ဆာလာသလိုလို!

"အင်​း ဒီ​လောက်​ဆို ​နေလို့ဖြစ်​ပါပြီ ကျန်​တာ​တွေ ဖြည်​းဖြည်​းမှလုပ်​မယ်​! တခုခုစားမှ"

Touji အခန်​းထဲက ထွက်​မယ်​ပြုပြီးမှာ ​ခြေလှမ်​း​တွေ တုန်​့ခနဲ ရပ်​သွားတယ်​!

လက်​ထဲက ဖုန်​းကင်​မရာကို ဖွင်​့ကာ အခန်​းထဲကို ဓာတ်​ပုံ ရိုက်​လိုက်​သည်​!

ဖုန်​းစခရင်​မှာမြင်​​နေရတဲ့ ဖရုံသီးအခန်​း​လေးရဲ့ပုံ.....

အရာရာဟာ တိတ်​ဆိတ်​ငြိမ်​သက်​လို့.....

လူမရှိတဲ့ ဖရုံသီးအခန်​းထဲမှာ တ​စ္ဆေလည်​း ရှိမ​နေပါ~

"ကင်​မရာ​တွေမှာ ​ပေါ်တယ်​ဆိုတာ မဟုတ်​တာလား? တကယ်​ပဲ အခန်​းထဲမှာ မရှိတာလား?"

အ​တွေးနဲ့ ရင်​ထဲ အနည်​းငယ်​ လွမ်​းသွားသလိုပဲ!

အသာပိတ်​သွားတဲ့ အခန်​းတံခါးကို ကြည်​့ပြီး Touji သက်​ပြင်​းချမိသည်​! ​​အောက်​ထပ်​ကို ဆင်​းဖို့ ဖြတ်​​လျှောက်​လာမိတဲ့ ​ဘေးစာကြည်​့ခန်​းထဲမှာ ပိတ်​ထားတဲ့ ပြတင်​း​ပေါက်​ဆီက ခန်​းဆီး​လေးလှုပ်​​နေတာ Touji မမြင်​ခဲ့မိဘူး!

Follow by the Wind ~ [Unicode Version]Where stories live. Discover now