**အဲ....တစ္ဆေတွေမှာ ခြေထောက်တွေ မရှိဘူးလို့ ကြားဖူးတယ်! ခြေရာရှာလည်း အပိုပဲပေါ့**
တောင်တောင် အီအီတွေ လျှောက်တွေးပြီး ရယ်ချင်ပက်ကျိဖြစ်လာပြန်တယ် ! Mikage ကို နောက်တခါတွေ့မှ သူခြေထောက်တွေရှိမရှိ အသာကြည့်ကြည့်အုံးမည်!
Touji Mikage ကို လန့်မိပေမယ့်....မသိစိတ်မှာ သူ့ကို ရင်းနှီးနေသလိုပဲ! ဘာလို့လဲ? သာမန်ဆို တစ္ဆေရှိတဲ့ အိမ်မှာ မနေပဲ ထွက်သွားရင်သွား ဒါမှမဟုတ်တစ္ဆေကို နှင်ပစ်ရင် ပစ် ဒါက ဖြစ်သင့်တာပဲ မဟုတ်လား? ဒါပေမယ့်.....Mikage ကို နှင်ပစ်ဖို့ဆိုတာ..... အကြောင်းအရင်းမသိပေမယ့် အဖြေက no လို့ထွက်လာတယ်!
အေးပေါ့လေ ကိုယ့်ကိုလည်း အခု ဘာမှ ဒုက္ခပေးတာမှ မဟုတ်တာကို သူလည်း သူ့ဟာသူနေ ကိုယ်လည်းကိုယ့်ဟာကိုနေပေါ့!
ဒီလိုပဲ Touji သူ့ကိုယ်သူ အဖြေပေးထားလိုက်တယ်!
အခန်းထဲက ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တော့ အလင်းရောင်က အခန်းထဲကို အလုအယက်ဝင်လာသည်! လင်းသွားတဲ့ အခန်းက အရင်ထက် ပိုနွေးထွေးလာတယ်! ကွာကျစပြုနေတဲ့ နံရံကပ်စက္ကူတွေရဲ့ အရောင်အသွေးက Touji ကို ဖရုံသီးတစ်လုံးထဲ ဝင်နေသလို ခံစားရစေတယ်!
"နွေးထွေးတယ်"
ဒီအခန်းက အရင် Touji ဝင်ကြည့်ခဲ့တဲ့ အခန်းတွေထက် ပိုနွေးထွေးတယ်လို့ ခံစားရတယ်! Touji ဆုံးဖြတ်လိုက်သည် ! ဘယ်လိုပဲဖြစ်ဖြစ် သူဒီအခန်းမှာပဲ နေမယ်!အိမ်က ကုန်းမြင့်ပေါ်မှာရှိတာကြောင့် ပြတင်းပေါက်ကနေလှမ်းမြင်ရတဲ့ မြင်ကွင်းကလည်း တမျိုးလန်းဆန်းစေတယ်!
"Mikage san! ကျွန်တော် ဒီအခန်းမှာပဲနေမယ်ဆုံးဖြတ်လိုက်ပြီ! ဒါ Mikage san ရဲ့ အခန်းလားတော့ မသိပေမယ့် ကျွန်တော် ဒီမှာပဲနေမယ်! ဟို.....ညတော့ ကုတင်ပေါ်ကနေ ခြေထောက်ဆွဲချတာတို့ ဘာတို့တော့ မလုပ်နဲ့ ကျွန်တော်က အဲ့ဒါမျိုးတော့ မရဘူး အသည်းငယ်တယ်ဗျ"
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
Chapter 5
Start from the beginning
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)