Touji မနက်စာ စားသောက်ပြီး နေ့လည်စာအတွက် ဝယ်ခြမ်းကာ စျေးဖက်ကို ထွက်ခဲ့တယ် ! အိမ်ကို သန့်ရှင်းဖို့ လိုအပ်တဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတချို့ ဝယ်ဖို့ ဖြစ်သည်!
မြို့ပေါက်စရဲ့ စျေးက သူဟာနဲ့သူတော့စည်ကားတယ်! လူသူနည်းတဲ့ မြို့ခပ်ကျဉ်းကျဉ်းမို့ မျက်နှာစိမ်းဆို တန်းသိကြပုံပဲ! Touji ကို မြင်တော့ တချို့က စူးစမ်းသလိုကြည့်ကြသည်!
တချို့က တီးတိုးစကားဆိုကြတယ်!
တစွန်းတစကြားမိတာ ..... "ဟိုအိမ်ကိုလေ...." "ဟယ် ဟုတ်လား? အမလေး....." "ငါဆိုမနေရဲပေါင်..." ဆိုတာမျိုးတွေဖြစ်သည်!
အင်း..... ပိတ်ထားတာကြာတဲ့ လူမနေတဲ့ အိမ်ဆိုတော့ လူတွေ ကြောက်ကြတာသဘာဝပါပဲ! ဒါပေမယ့် သူတို့မျက်လုံးတွေရဲ့ အဓိပ္ပာယ်က တခုခုကို သေချာနေသယောင်!
Touji ခေါင်းထဲ ပြည့်ကျပ်လာတဲ့ အတွေးတွေကို ခါထုတ်လိုက်ပြန်တယ်! ယေဘုယျ သီအိုရီအရ လူမနေတဲ့ အိမ်ကြီး သရဲခြောက်တယ် ဆိုတာတွေကို ဟားတိုက်ရယ်ချင်တယ်!
"သရဲ? တကယ်ရှိလို့လားကွာ ! ထင်ယောင်ထင်မှားတွေပါ "
အပြန်လမ်းမှာ ပစ္စည်းတပွေ့တပိုက်နဲ့ Touji ရေရွတ်လာတယ်!
ကောင်းကင်မှာ တိမ်တွေက ပေါက်ပေါက်ကျဲထားသလို အဆုပ်လိုက် အဆုပ်လိုက် လွင့်မျောနေသည်!အဖြူရောင်ရောနေတဲ့ အပြာရောင် ကောင်းကင်အောက်မှာ ထိုအိမ်က ခပ်ထီးတည်း တည်ရှိနေတယ်!
အိမ်ကို မြင်ရတဲ့ တခဏ Touji ခြေလှမ်းတွေ ရပ်တန့်သွားပြန်တယ် ! အခုချိန် သူအိမ်ကို ခင်တွယ်နေသလိုပဲ! အိမ်ကလည်း သူ့ကို ဆွဲငင်နေသလိုပဲ! အိမ် နဲ့ သူ နဲ့ .....
"အာ ? "
"ခဏလေး!!! ခဏလေး ခဏလေး!!!!"
Touji အတွေးလွန်လာတဲ့ သူ့ဦးနှောက်ကို သတိပေးရတယ်! ဘာမှန်းမသိ ပေါက်ကရတွေ တွေးမိနေသည်! သူဘာလို့ တခါမှ မရောက်ဖူး မတွေ့ဖူးတဲ့ တညတာသာ အိပ်ဖူးသေးတဲ့ ဒီအိမ်ကို ဆွေမျိုးသားချင်းလို ခံစားမိနေတာလည်း?
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
Chapter 4
Start from the beginning
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)