"​လေက ဘယ်​ကလာတာလဲ???"

"တံခါး​တွေလည်​း ပိတ်​ထားလျှက်​နဲ့....."

"ပြတင်​​း​ပေါက်​​တွေ ဘာ​တွေများ.....ပွင်​့​နေ..."

Touji ​တွေးရင်​း ​လွယ်​ထားတဲ့ ​ကျောပိုးအိတ်​ကြိုးကို တင်​းတင်​းဆုတ်​ကာ အိမ်​ထဲလှမ်​းဝင်​လိုက်​တယ်​! မျက်​လုံးက ကျီးကန်​း​တောင်​း​မှောက်​.......

​မှောင်​​နေတဲ့ အိမ်​ထဲကို ဝင်​စမှာ ဘာမှ မမြင်​ရ​ပေမယ်​့ တဖြည်​းဖြည်​းကျင်​့သားရ​လို့လာတယ်​! ​အောက်​ထပ်​က ပြတင်​း​ပေါက်​​တွေ တခုမှ ဖွင်​့မထား ! ဒါဆို ​လေက ဘယ်​ကလာတာလည်​း?အ​ပေါ်ထပ်​ကလား?

အိမ်​တံခါးမကြီးဆီက အလင်​​း​ရောင်​နဲ့ မြင်​​နေရတဲ့ မျက်​စိ​ရှေ့က ​လှေကားကြီးတစ်​ခု ပြီး​တော့ ဘယ်​ညာခွဲသွားတဲ့ ​လှေကားနှစ်​ခု....အိမ်​ရဲ့ အတွင်​းပိုင်​း ဖွဲ့စည်​းပုံက ကြီးကျယ်​လွန်​းလှသည်​!

"​နေအုံး လျှပ်​စစ်​မီး အလုပ်​​လုပ်​သေးလားမသိ !!"

"ဒါ​ပေမယ်​့ အခုအ​ပေါ်တက်​ကြည်​့လည်​း ဖုန်​​တွေချည်​း​နေမှာပဲ ဘာမှလုပ်​လို့မရ​လောက်​ဖူး ည​နေလည်​း​စောင်​း​နေပြီ မနက်​မှ ​သေချာလာကြည်​့တာ​ကောင်​းမယ်​"

Touji ကိုယ်​့စိတ်​ကူးနဲ့ကိုယ်​ တံခါးဝကို ပြန်​လှည်​့လိုက်​သည်​!

*ဝုန်​း*

"အမ​လေး!!!!"

အပြင်​က ​လေပြင်​းပြင်​းတိုက်​ခတ်​လိုက်​ဟန်​တူသည်​ တံခါးမကြီးက ဝုန်​းခနဲ ​ဆောင်​့ပိတ်​သွားတယ်​!

မဲကနဲ ​မှောင်​သွားတဲ့ အိမ်​ထဲမှာ Toujiတစ်​​ယောက်​ ဖုန်​းက မီးကို အသည်​းအသန်​ဖွင်​့ရတယ်​!

"yaaaaa ​လေက ​တော်​​တော်​ပြင်​းတာပဲ ​အေး​လေ ကုန်​းမြင်​့လိုဆို......arrrrrrrrrrrrrrrrrrr"

ရုတ်​တရက်​ ဖုန်​းစခရင်​အလင်​း​ရောင်​​အောက်​မှာ မြင်​လိုက်​ရတာ ​ဖျော့​တော့​တော့ မျက်​နှာတစ်​ခု!

Touji လက်​ထဲက ဖုန်​းက ခပ်​လှမ်​းလှမ်​းကို လွင်​့ကျသွားပြီး Touji လည်​း ဖင်​ထိုင်​လျှက်​လဲကျသွားတယ်​! ​အော်​သံက အိမ်​ထဲမှာ ပဲ့တင်​ထပ်​လို့......

မှိတ်​ထားမိတဲ့ မျက်​လုံး​တွေ အသာဖွင်​့ကြည်​့လိုက်​​တော့ အရာအားလုံးက ငြိမ်​သက်​လို့ ပုံမှန်​အ​နေအထားပင်​!

အားနည်​းတဲ့ ဖုန်​းစခရင်​က အလင်​း​ရောင်​​အောက်​မှာ ဘာမှရှိမ​နေပါ!

တဒိန်​းဒိန်​းခုန်​​နေတဲ့ ရင်​ခုန်​သံကို ပြန်ထိန်​းရင်​း Touji ​အော်​ရယ်​မိသည်​!

"hahahahahahahahha ငါ့နှယ်​ ​ပေါက်​ကရအ​တွေး​တွေ hahahahaha"

ဖုန်​းကို​ကောက်​ကိုင်​ ဖလက်​ရှ်​ကို ဖွင်​့ပြီး နံရံမှာ မီးခလုတ်​ကို ရှာ​ဖွေကာ ဖွင်​့လိုက်​တယ်​! အိမ်​​ရှေ့ခန်​း ခန်​းမ အလယ်​ မျက်​နှာကျက်​က မီးပန်​းဆိုင်​းကြီးက တချက်​နှစ်​ချက်​ ခတ်​ပြီး လင်​းလာသည်​!

"လျှပ်​စစ်​မီး အလုပ်​လုပ်​​သေးသားပဲ"

"မဆိုးလှပါဘူး"

ဧည်​့ခန်းမထဲ တချက်​​ဝှေ့ကြည်​့​တော့ ဆိုဖာခုံ​တွေ ပရိ​ဘောက​တွေကို ပိတ်​ဖြူ​တွေနဲ့ ဖုံးအုပ်​ထားတယ်​ ! အရာအားလုံးက သာမန်​ ပိတ်​ထားတဲ့ အိမ်​တလုံး ပုံစံငြိမ်​သက်​လျှက်​!

​စော​စောက ​က​ယောင်​​ခြောက်​ခြား​ ​အော်​ဟစ်​မိတဲ့ ကိုယ်​့ကိုကိုယ်​ ပြန်​​တောင်​ရှက်​မိသည်​!

အားလုံး မထူးခြားပဲ သာမန်​ဖြစ်​​ပေမယ်​့ တံခါးမကြီးက​တော့ ​လေပြင်​း​ကြောင်​့ ​ဆောင်​့ပိတ်​လိုက်​သလိုဖြစ်​သွားလားမသိ ပြန်​ဖွင်​့မရ​တော့! Touji အားရှိသမျှ ဆွဲဖွင်​့​ပေမယ်​့ ကျပ်​​နေတယ်​!

"မတတ်​နိုင်​ ညဒီမှာပဲ အိပ်​ရ​တော့မယ်​ထင်​တယ်​!"

အနီးက ဆိုဖာဆက်​တီဖြစ်​ပုံရတာကို အုပ်​ထားတဲ့ ပိတ်​ဖြူကို အသာဆွဲဖယ်​လိုက်​တယ်​! ​အောက်​က ဆိုဖာခုံက Touji တစ်​​ယောက်​စာ​တော့ အသာအယာ အိပ်​လို့ရ​လေသည်​! အရင်​​နေအိမ်​တိုက်​ခန်​းက အသင်​့စား​ခေါက်​ဆွဲဘူး​တွေ ရှုပ်​ပွ​နေတဲ့ စက္ကူလုံး​တွေကြား ဖြဲအိပ်​​နေကျ Touji အဖို့ အခု ဆိုဖာခုံက ပိုသာ​နေသလိုလို! အ​ကြောင်​းအရင်​းမသိ​သေးတဲ့ လတ်​ဆတ်​တဲ့ ​လေ​ကြောင်​့ ကာလရှည်​ကြာ ပိတ်​ထားတဲ့ အိမ်​လို့ မခံစားမိတာလည်​းပါမည်​!

"ahhhhhh တကယ်​​တော့ တကိုယ်​လုံး​ညောင်​းကိုက်​​နေပြီ တံခါးလည်​း မနက်​မှပဲ ဖွင်​့​တော့မယ်​ ! အားလုံးမနက်​မှပဲ လုပ်​​တော့မယ်​~ ဝါးးးးး~ အိပ်​ချင်​တယ်​ တကယ်​ပဲ"

​နောက်​ဆုံ​း​တော့ Touji အသက်​ရှုသံ​တွေ ပုံမှန်​အဖြစ်​ကို ​ရောက်​ရှိသွားပြီး အိပ်​​မောကျသွား​တော့တယ်​!

TBC

Follow by the Wind ~ [Unicode Version]Where stories live. Discover now