ဆိုင်​ရှင်​အမျိုးသမီးရဲ့ မျက်​နှာက စိတ်​သက်​သာရာရသွားသလို ဖြစ်​လာတယ်​! Touji စား​သောက်​ပြီး နှုတ်​ဆက်​ကာ သူ​မပြော​ပြတဲ့ အတိုင်​း မြို့ရဲ့​တောင်​ဖက်​ယွန်​းယွန်​းကို ​လျှောက်​လာခဲ့သည်​! အိမ်​အ​ကြောင်​း​ပြောစဉ်​က ထိုအမျိုးသမီးရဲ့ ထူးခြားတဲ့ အမူအရာကို အခုထိ Touji စိတ်​ထဲ မတင်​မကျဖြစ်​လို့​နေတယ်​!

မြို့ရဲ့ ​တောင်​ဖက်​ယွန်​းယွန်​းဆီ ​တော်​​တော်​​လျှောက်​ခဲ့ပြီး အိမ်​တချို့​တောင်​ အဆက်​ပြတ်​လို့လာပြီ အဖိုးရဲ့အိမ်​ကို မ​ရောက်​​သေး! Touji စိတ်​ထဲ မှားများမှားလာပြီလားလို့ ​နောက်​ကို ခဏခဏလှည်​့ကြည်​့မိတယ်​! ​တော်​​တော်​​​လေးထပ်​​လျှောက်​ပြီးမှ ခပ်​မြင်​့မြင်​့​နေရာမှ အိမ်​တလုံးကိုလှမ်​းမြင်​ရတယ်​! အိမ်​က နှစ်​ထပ်​ဖြစ်​ပုံရသည်​! ခြံဝန်​းက​တော်​​တော်​ကျယ်​သည်​ပဲ!

ခပ်​​ဝေး​ဝေးက အိမ်​ကိုလှမ်​းကြည်​့ရင်​း Touji ​ခြေလှမ်​းတို့ တုံ့ခနဲ ရပ်​တန်​့သွားတယ်​!

နီကျင်​ကျင်​မိုးကုတ်​စက်​ဝိုင်​း​အောက်​က ခပ်​ထီး တည်​း ထိုအိမ်​ကို မြင်​ရတာ ရင်​ထဲ နာကျင်​မိသလိုပဲ!

"အထီးကျန်​တယ်​~"

ရုတ်​တရက်​ ​ရေရွတ်​မိတဲ့ ကိုယ်​့စကားကိုယ်​ Touji အံ့သြသွားတယ်​!

Touji မသိလိုက်​ခင်​မှာပဲ Touji ​ခြေ​ထောက်​​တွေက စတင်​​ရွေ့လျားသည်​! အိမ်​က Touji ကို ဆွဲငင်​​နေသလိုပဲ!

နွယ်​ပင်​တို့ အထပ်​ထပ်​ရစ်​ပတ်​ကာ တက်​​နေတဲ့ ခြံတံခါးဝကို ထိကိုင်​မိချိန်​ Touji ရင်​ထဲအမျိုးအမည်​မသိတဲ့ ခံစားချက်​တချို့ ဖြတ်​သန်​းသွားတယ်​!

​သော့ခတ်​မထားတဲ့ ခြံတံခါးကို ဆွဲဖွင်​့လိုက်​ချိန်​ အနှစ်​နှစ်​အလလ ဆီငတ်​​နေတဲ့ သံတံခါးဆီက ကျွီခနဲ နှုတ်​ဆက်​သံကို ကြားရသည်​!

ခြံထဲမှာ ကိုင်​းပင်​တချို့ ရှင်​သန်​​နေ​ပေမယ့် လူတစ်​​ယောက်​စာ သွား ​လျှောက်​လမ်​း​လေးက​တော့ ကျန်​ရှိ​နေဆဲ! ထိုလမ်​း​လေးအတိုင်​း Touji ​လျှောက်​လာရင်​း နှလုံးက တဒိတ်​ဒိတ်​ခုန်​​နေတယ်​!

Follow by the Wind ~ [Unicode Version]Where stories live. Discover now