မျက်​လုံး​တွေ ပြန်​မှိတ်​မယ်​ ကြံ​ပေမယ်​့ ​စော​စောက အသံကို ပြန်​ကြား​ယောင်​မိပြီး ဘာ​ကြောင်​့မှန်​းမသိ မျက်​လုံး​တွေ အတင်​းပြူးထားမိ​တော့သည်​!

​နေ​ရောင်​က တဖြည်​းဖြည်​း​ဖျော့​တော့လာပြီး မကြာမှီ ခရီးဆုံးကို Touji ​ရောက်​​ရှိလာသည်​!

အဖိုးစာထဲက ခရီးဆုံးဖြစ်​တဲ့ ဒီမြို့​လေးက သိပ်​မကြီးလှ! ဒါ့အပြင်​ လူစိမ်​းဝင်​ထွက်​နည်​းပုံရသည်​! မြို့ခံလူ​တွေက Toujiကို လူစိမ်းမှန်​းသိပြီး အထူးအဆန်​းလိုကြည်​့ကြတယ်​!

အနီးဆုံးက စား​သောက်​ဆိုင်​တစ်​ခုထဲ လှမ်​းဝင်​ရင်​း နည်​းနည်​းပါးပါး စနည်​းနာဖို့ Touji ဆုံးဖြတ်​လိုက်​သည်​! ခရီးရှည်​မှာ ဗိုက်​လည်​း ​ဟောင်​း​လောင်​းဖြစ်​​နေပြီ​လေ!

အဆင်​​ပြေ​လောက်​မယ်​့ စားစရာတချို့မှာရင်​း ဆိုင်​က အမျိုးသမီးတစ်​​ယောက်​ကို Touji စကားစလိုက်​တယ်​!

"ဟို.....အမ တစ်​ခု​လောက်​​မေးချင်​လို့ ! ကျွန်​​တော်​က ဒီ အိမ်​ကိုသွားချင်​တာပါ အဲ့ဒါ...."

Touji ​ထောက်​ပြတဲ့ အဖိုးစာထဲက အိမ်​ရဲ့ တည်​​နေရာပြ​မြေပုံကို တချက်​ကြည်​့ရင်​း ဆိုင်​ရှင်​အမျိုးသမီး မျက်​နှာက ဖြူ​ရော်​သွားတယ်​!

"မင်​း....မင်​းက အဲ့ဒီ့အိမ်​ ဘာသွားလုပ်​မလို့လဲ?"

"​သြော်​ ဒီလိုပါ ကျွန်​​တော်​့အဖိုးက ဒီအိမ်​ပိုင်​ရှင်​ပါ အခု သူက ကျွန်​​တော်​့ကို ဒီအိမ်​ကို အ​မွေ​ပေးတာနဲ့ ကျွန်​​တော်​လည်​း..."

"မင်​း.....မင်​းက အဲ့ဒီ​တော့ အဲ့ဒီ့အိမ်​မှာ​နေမယ်​​ပေါ့"

ထိုအမျိုးသမီးမျက်​နှာက တစ်​ခုခုကို ထိန်​့လန်​့​နေသလိုပင်​.....Touji စိတ်​ထဲ အံ့သြ​နေမိတယ်​!

"ဒီ​နေ့​တော့ သွားကြည်​့ရုံပါပဲ ဘာလို့လဲ ဆို​တော့ကာ အိမ်​က မရှင်​းလင်​းရ​လောက်​​သေးဘူးဆို​တော့ ​နေလို့​တော့မရ​လောက်​​သေးဘူးထင်​တယ်​!"

"​အေး...​အေး​ပေါ့ကွယ်​ ! မြို့ထဲမှာ တည်​းခိုခန်​း​တွေရှိပါတယ်​ အမ ဖုန်​းဆက်​​ပေးထားမယ်​ သွားကြည်​့ပြီး ပြန်​လာခဲ့​ပေါ့ "

Follow by the Wind ~ [Unicode Version]Where stories live. Discover now