လက်ထဲရောက်လာတဲ့ စာအိတ်ကို ပြူးကြောင်ကြောင်ကြည့်နေတဲ့ Touji ကြောင့် စာပို့သမားက ချွေးပျံလာပုံပဲ!
Touji ကိုယ်တိုင်ကလည်း သူ့ဆီ စာသောဘာသော ဘာမှ မလာဖူး၍ လက်ထဲက စာအိတ်ကို ကြောင်ကြည့်နေမိသည်!
"လက်ခံရရှိကြောင်း လက်မှတ်ထိုးပါ ခင်ဗျာ"
အနည်းငယ်တုန်နေတဲ့ စာပို့သမားအသံကြောင့် Touji လည်း အသိပြန်ဝင်လာတယ်! စာပို့သမားကတော့ လက်မှတ်ရတာနဲ့ တချိုးတည်း လစ်တော့တာပဲ!
အခန်းထဲ ပြန်ရောက်သည်ထိ စာအိတ်ကို ကိုင်ရင်း Touji ငေါင်နေတယ်!
ဘာလဲ?
ဘယ်ကလဲ?
ဘယ်သူကပို့လိုက်တာလဲ?
မသကာ......ချိန်ကိုက်ဗုံးတွေ ဘာတွေများလား????
"ahahahahahaha မဖြစ်နိုင်တာ ပေါက်ကရတွေ"
အူကြောင်ကြောင်အတွေးတချို့ကို ခေါင်းထဲကခါထုတ်ရင်း Touji စာအိတ်ကို ဖောက်လိုက်တယ်!
*ချွင်*
ဦးစွာထွက်ကျလာတာ သော့တွဲတစ်တွဲဖြစ်ပြီး အဲ့ဒီ့နောက် စာတစ်စောင်......
စာကိုဖွင့်ဖတ်လိုက်တော့......
သို့/
မြေးလေး Touji......
Touji အတွက် ထိုအခေါ်အဝေါ်က ကြာမြင့်ပြီဖြစ်သော မှုန်ဝါးတဲ့ အတိတ်တခုကို ပြန်ပြောင်းအောင့်မေ့စေတယ်!
"အဖိုး~"
တိုးတိတ်စွာ ရေရွတ်မိသံနဲ့ အမှတ်ရမိတဲ့ အဖိုးရဲ့ နွေးထွေးတဲ့ အပြုံး......
ကြာမြင့်လွန်း၍ မှုန်ဝါးနေပေမယ့် အဖိုးရဲ့အပြုံးကိုတော့ အမှတ်ရမိနေဆဲ.......
မေမေနဲ့ အတူ လက်ရှိနေထိုင်တဲ့ မြို့ကို ထွက်လာခဲ့သည့်အချိန်မှစ၍ ယခုအထိ လုံးဝ အဆက်အသွယ်မရသော အဖိုးက အခုမှ ဘာလို့ Touji ဆီစာပို့သနည်း???
မေးခွန်းတွေနဲ့ စာကို ဆက်ဖတ်တော့.....
စာထဲမှာ အဖိုးက Touji ကို လွမ်းတဲ့ အကြောင်းပါသည်! သူ့သမီးဖြစ်တဲ့ Toujiမေမေကို လွမ်းတဲ့ အကြောင်းပါသည်! အတိတ်က အကြောင်းအရာတွေကို ပြန်ပြောင်း အောင့်မေ့မှုတွေပါသည်! ဒီစာကို Touji ဖတ်ရချိန် အဖိုးက သံသရာခရီးရှည်ကို ဆက်ထွက်သွားပြီ ဆိုတဲ့ အကြောင်းပါသည်! ဖတ်ရင်း ဝဲလာတဲ့ မျက်ရည်တချို့ ကျလုလုအချိန်မှာ အဖိုးရဲ့ စာအဆုံးသတ်က အကြောင်းအရာကြောင့် Touji မျက်ရည်က ပြန်ဝင်သွားတယ်!
အဖိုးက Touji တခါမှ မကြားဖူးတဲ့ မြို့တစ်မြို့မှာ Touji အတွက် အိမ်တစ်လုံး အမွေပေးခဲ့သတဲ့လေ! အဲ့ဒီ့အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ Touji ကို တာဝန်ပေးခဲ့သတဲ့.....
အမြဲအထူးအဆန်းလုပ်တတ်တဲ့ အဖိုးက အခုလည်း လျို့ဝှက်တဲ့ အိမ်တစ်လုံးကို ထားခဲ့ပြန်တယ်!
စာမှာပါတဲ့ Touji မသိတဲ့ မြို့က အိမ်တည်ရှိရာ မြေပုံတစ်ခု.....
မှုန်မွှားမွှားလမ်းကြောင်းတစ်ချို့ကို ထိတွေ့ပွတ်သတ်ရင်း Touji ဆုံးဖြတ်ချက်ချလိုက်သည်!
ဒီလို ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းနေရတာလည်း ငြီးငွေ့လွန်းပါပြီလေ....
TBC
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~
Chapter 1
Start from the beginning
![Follow by the Wind ~ [Unicode Version]](https://img.wattpad.com/cover/216537381-64-k158424.jpg)