"အဟက်​ တကယ်​​သရဲရှိရင်​လည်​း ငါ့အခန်​း​တော့လာမှာမဟုတ်​ပါဘူး လာရင်​​တောင်​ ကြွက်​သိုက်​နဲ့ မှားတယ်​ထင်​ပြီး ပြန်​ထွက်​သွားအုံးမယ်​ Hahahahaha"

လှဲအိပ်​​နေတဲ့ မျက်​နှာချင်​းဆိုင်​မှာ မြင်​​နေရတဲ့ အမှိုက်​ပုံး​လေးထဲက တစွန်​းတစထွက်​​နေတဲ့ စာမှု အထပ်​လိုက်​က ​လှောင်​​ပြောင်​​နေသလို ခံစားရတာမို့ Touji တဖက်​ကို လှည်​့အိပ်​လိုက်​သည်​!

ဘဝမှာ သရဲတစ်​​ကောင်​ကို ပြင်​းပြင်​းပျပျ တမ်​းတမိတာ ဒါပထမဆုံးပဲ.......
မျက်​စိ​ရှေ့ ကြမ်​းပြင်​​ပေါ် ပျံ့ကျဲ​နေတဲ့ စက္ကူလုံး​တွေကို ​ငေးကြည်​့ရင်​း Touji မျက်​ခွံ​တွေ ပိကျလာတယ်​!

** aaaaa~ ငါမအိပ်​ရတာ ဘယ်​နှစ်​ရက်​ရှိပြီလဲ????

* aaaaa~ ငါမအိပ်​ရတာ ဘယ်​နှစ်​ရက်​ရှိပြီလဲ????*

" တင်​း​တောင်​တင်းတောင်​????"

ရုတ်​တရက်​ကြားတဲ့ လူ​ခေါ်​ခေါင်​း​လောင်​းသံ​ကြောင်​့ Touji အိပ်​​ပျော်​ရာက လန်​့နိုးလာတယ်​!

*တင်​း​တောင်​*

"အာ......ဒီအချိန်​ ဘယ်​ကဧည်​့သည်​လဲ???"

အိပ်​ချင်မူးတူး ဖြစ်​​နေဆဲ မျက်​လုံးကို အတင်​းဖြဲ.....သာ​ခွေယိုင် ​ခြေ​ထောက်​​တွေကို အတင်​းဆွဲပြီး Touji တံခါးဝကို လှမ်​းလာခဲ့သည်​!

*click*

"အဲ..."

"ဟမ်​?"

တံခါးဆွဲဖွင်​့ဖွင်​့ချင်​း မြင်​လိုက်​ရတာ ဝတ်​စုံပြည်​့နှင်​့ စာပို့သမား​လေး.... ထိုစာပို့သမားက အနီ​​ရောင်​ လိပ်​​ခွေ​ခွေရှုပ်​ပွပွ ဆံပင်​​တွေ....အိပ်​ချင်​မူးတူး မျက်​လုံး​သေ​တွေနဲ့ Touji ကို သင်္ကာမကင်​းဖြစ်​ဟန်​တူသည်​ ​​ခြေလှမ်​းတချို့​နောက်​ဆုတ်​ရင်​း ကိုယ်​ကိုယို့ကာ ပြူး​ကြောင်​​ကြောင်​ကြည်​့​နေတယ်​!

"ဟီး ဘာကိစ္စရှိလို့လဲ?"

စာပို့သမားကို မြင်​လျက်​ စပ်​ဖြီးဖြီးမျက်​နှာနဲ့ ဘာကိစ္စလဲ မေးသည်​့ Touji ကို စာပို့သမားက ပို သင်္ကာမကင်​းဖြစ်​လာသည်​ထင်​သည်​ လက်​ထဲက စာအိတ်​ကို Touji လက်​ထဲ အတင်​းထိုး​ပေးရင်​း လက်​မှတ်​ထိုး​ပေးဖို့ ​ပြောတယ်​!

Follow by the Wind ~ [Unicode Version]Where stories live. Discover now