Until you (part-1)

1K 50 0
                                    

Zawgyi
ဒီ​နေ့ ​မနက်​​တော့ ​ရှောင်​ကျန့်​တစ်​​ယောက်​ခါတိုင်း​နေ့များနဲ့ကွဲပြားစွာ
စော​စောစီးစီးနိုး​နေ​လေသည်
နိုးမှာ​ပေါ့ ဒီ​နေ့က ​အောင်​စာရင်းထွက်​မယ့်​​နေ့ဖြစ်​သည်​ကိုး
ညကလည်း အရမ်းစိတ်​လှုပ်​ရှားတာ​ကြောင့်​အိပ်​လို့မရခဲ့တာ​ကြောင့်
လူလည်းပန်​ဒါဝက်​၀ံလိုဖြစ်​​နေ​သည်​​လေ
ရှောင်​ကျန့်​တစ်​​ယောက်​ စာ​မေးပွဲမှာ အ​ကေ

ာင်းဆုံး​ဖြေနိုင်​ခဲ့​ပေမယ့်​လည်း စိတ်​​တွေတအားကိုလှုပ်​ရှား​နေတာ​ကြောင့်​ ​အောင်​စာရင်းကို
သူကိုယ်​တိုင်​သွားမကြည့်​ဘဲ သူငယ်​ချင်းဖြစ်​သူ ကျိုးချန်​ကိုသာ
သူ့အစားကြည့်​ခဲ့​ပေးရန်​မှာလိုက်​​လေသည်

"​ရှောင်​ကျန့်​ ​​ဟေ့​ကောင်​​ရှောင်​ကျန့်​"
ကျိုးချန်​၏ အသံစူးစူး​ကြောင့်​ ​ရှောင်​ကျန့်​တစ်​​ယောက်အ​တွေးစများပြတ်​​တောက်​သွား​လေသည်
"ကျိုးချန်​ မင်းကလည်း အခန်းထဲဝင်​ခဲ့​လေ ဘာဖြစ်​လို့စွတ်​​အော်​​နေတာလဲဟ"
"မင်း​အောင်​တယ်​ ငါ့​ကောင်​ကြီး မင်း 2D​ ​တောင်​ပါတယ်​ဟ"
"မင်း​ရော​အောင်​တယ်​မလား"
"​အေးငါက 1D ပါတယ်​ဟ"
သူငယ်​ချင်းနှစ်​​​ယောက်​​ပျော်​လွန်းမက ​ပျော်​လွန်းမက​ပျော်​ကာ
အခန်းထဲတွင်​ ခုန်​​ပေါက်​​နေသည်
ထိုစဉ်​​ရှောင်​မားမှာ ဟင်းချက်​​နေရင်းမှ တဒုန်းဒုန်းအသံများကြားလိုက်​ရ​သော​ကြောင့်​ စိတ်​ထဲထင့်​ကာ ​ခြေလှမ်းများက သားဖြစ်​သူအခန်းဆီသို့
"​သား ​ရှောင်​ကျန့်​​ရေ"
"ဗျာ ​မား"
"​စော​စောက တဒုန်းဒုန်းအသံ​တွေက သားအခန်းထဲကလာတာလား
မားက သား​လေးအိပ်​​နေတယ်​ထင်​​နေတာ"
"မား သားအရမ်း​ပျော်​တယ်​ သား​လေ စာ​မေးပွဲ​အောင်​ရုံတင်​မက
2D ပါတယ်​​တဲ့မား သား​ကောင်​ကြီးကျိုးချန်​ကလည်း 1D ပါတယ်​တဲ့"
"ဟုတ်​လားသား မနက်​ဖြန်​ကျရင်​ သားတို့နှစ်​​ယောက်​အတွက်
မားက ​ပျော်​ပွဲရွှင်​ပွဲ​လေးလုပ်​​ပေးမယ်​ သားသူငယ်​ချင်း​တွေကိုအခုကတည်းက လိုက်​ဖိတ်​ထားလိုက်​​နော်​ သား"
"ဟုတ်​ကဲ့မား ဒါ​တွေ​ကြောင့်​မားကိုချစ်​တာ မွ"
ရှောင်​ကျန့်​တစ်​​ယောက်​ သူ့မားမားရဲ့ပါးကိုတစ်​ချက်​နမ်းပြီး
ကျိုးချန်​နဲ့အတူ ​ကျောင်းသို့သွား​လေသည်
ကျောင်း​ရောက်​​တော့ ​တွေ့သမျှသူငယ်​ချင်းအားလုံးကို​နောက်​​နေ့
ပျော်​ပွဲရွှင်​ပွဲသို့လာရန်​ဖိတ်​ကြားလိုက်​​လေသည်

Until youWhere stories live. Discover now