အပိုင်း(1)

Start from the beginning
                                    

HOTEL ဆိုတာ လူစုံလာသော နေရာဖြစ်သလို သုတို့
Hotelတွင် Barနှင့် night classလည်း ရှိတော့
မိန်းကလေးတစ်ယောက်အနေနဲ့ အခုလို ပုံပျက်ပန်းပျက် ဝတ်လာတာကိုလည်း သု လုံးဝ မကြိုက်ပါ။ shoulder off အဖြုရောင်လေးနှင့် ဂျင်းဘောင်းဘီ အတိုလေးကို ပေါင်ဖွေးဖွေးပေါ်အောင် ဝတ်ထားသည် အထိ တိုင်းကို လုံးဝ ကြည့်မရပါ။ ခေတ်နှင့် အလိုက် ဝတ်စားဆင်ယဉ်သည်ပဲ ပြောပြော  ထိုပုံစံကို သု လုံးဝ မကြိုက်။

"အေး ...ငါ အလုပ်ပြန်လုပ်ရအုံးမှာ ဒါပဲ မလား သွားတော့မယ်.."

မရဲ့ မွေးနေ့မှာ အခုလို ဖြစ်သွားရတဲ့ အတွက် တိုင်းလည်း လုံးဝ စိတ်မကောင်းပါ။ ဟိုကာလနာတသိုက်ကို ကျိန်စာတိုတ်ရန်ပဲ တွေးကာ မ အလုပ်လုပ်တဲ့ Hotel ကနေ လက်မှိုင်ချပြီး ပြန်လာခဲ့သည်။

                            🌹🌹🌹🌹

"သုရယ် အဲ့ကလေးမလေးကို .. အထဲခေါ်ပြီး တစ်ခုခုကျွေးပြီးမှ ပြန်လွှတ်တာ မဟုတ်ဘူး  ..နင်တို့စကားပြောပုံကြည့်ရတာ မပြေလည်မှန်း သိပေမယ့် . သနားပါတယ်ဟယ် နေပူကြီးထဲ သူ့ခမျှ မွေးနေ့လက်ဆောင်ကို တကူးတကလာပေးတာနော်.."

Receptionကို ဝင်လိုက်တာနဲ့ ဘေးက မထက်က ပြောလာတော့သည်။ သုနှိုင်းသျှင်ရဲ့ အလုပ်က Goden Palace Hotelရဲ့ receptionမှာ ထိုင်ရသည်။

"အမလေး မထက်ရေ ..အဲ့ကလေးမကို သနားမနေနဲ့
သူ့ကြောင့် အရမ်းစိတ်ရှုပ်ရတာ .. အမြဲ စနောက်နေလို့လေ
အခုလည်း အကောင်းမှတ်တယ် ...လက်ဆောင်ပုံးထဲ မြွေရုပ်ထည့်ပေးတာတဲ့ အဲ့တာပဲကြည့်လေ ကလေးကုလား..."

"အင်း ...ဟုတ်ပါ့ ...တော်တော်ရှုပ်တာပဲ  ..
အငယ်လေးထဲက ခင်မင်ခဲ့တာ ဆိုတော့လည်း
နင့်ကို သူ့က သံယောဇဉ်ကြီးလို့ အခုလိုတွေ စတာ ဖြစ်မယ် သုရေ .."

"ဟုတ်မယ် မထင်ပါဘူး အမရေ ...သူက သုဆိုရင်
5နှစ်သာကြီးသာ ရိုသေရကောင်းမှန်း သိတာမဟုတ်ဘူး
အခုလည်း barသွားမှာ ကြည့်နေ  .ဦးလေးနဲ့ကို တိုင်မှာ.."

မထက်လည်း ဘေးက ပြုံးမိလိုက်သည်။ သုနှိုင်းဟာ အတိုင်းတာလေးအပေါ် ဂရုဏဒေါသကြီးတာ လို့ပဲ ထင်မိပါတယ်။

"ဟိုလေ ..သုသု.."

"ဟုတ်ကဲ့ MD  ...ဘာကိစ္စများရှိလို့လဲ .."

"ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ"Where stories live. Discover now