chapter 2

474 23 1
                                    

Lunch break

Tae:  ''ဘုရားရေ ခုမှမုန့်စားဆင်းတယ် ဒီခေါင်းလောင်းထိုးတာသာနည်းနည်းလေးနောက်ကျကြည့် ငါအဆာလွန်ပြီးသေတော့မလို့''
JM:  ''စိတ်မပူပါနဲ့ ငါတို့နောက်ဆိုကျင့်သားရသွားမှာပါ''
Tae: ''မြန်မြန်လာ Suga Hyung တို့အတွက်ပါနေရာဦးထားရမယ်''
JM: ''Ok''

Jimin ကတော့ Burger တလုံးရယ် Strawberry ဖျော်ရည်တခွက်ပဲနေ့လည်စာအဖြစ်စားလိုက်တယ်။
Tae ကတော့ လုံးဝ Mc'donald ကဟာတွေလိုမျိုးကြက်ကြော်တပွဲ အာလူးကြော်တပွဲ coke တခွက်ပေါ့နော်။

JM: ငါ လေ အစားအစာကိုချစ်ပါတယ် တကယ့်ကိုစိတ်ရင်းနဲ့ချစ်တာပါ။ ဒါပေမဲ့တခါတခါစားရမှာတောင်ပျင်းတယ်။ငါတောင်းပန်ပါတယ်။ငါရဲ့Burger လေးနဲ့juice လေး

Jimin  ကတောင်းပန်သလိုမျိုးလက်နှစ်ဖက်ကိုပူးပြီးတော့ သူ့ရဲ့နေ့လည်စာလေးကိုတောင်းပန်တဲ့မျက်လုံးတွေနဲ့ကြည့်နေတာပေါ့

Tae: Awh ဟိုမှာHoseok Hyung တို့
''Hyung ဒီဘက်မှာ''သူ့ရဲ့အောင်လှတဲ့အသံနဲ့အော်လိုက်တော့ Hoseok တို့သူ့ကိုမြန်မြန်တွေ့တာပေါ့
JM: Hyung တို့နေ့လည်စာယူပြီးပြီလား
HS: အင်း ယူပြီးပြီ Min လေးဘာစားလဲ
JM: ဒါလေးပါပဲ ဒီနေ့သိပ်စားချင်စိတ်မရှိဘူး
Tae: Suga Hyung ကမျက်စိဖွင့်ရင်းနဲ့လည်းသေတတ်တာလား daebaek
JM: ဒါနဲ့လေ Hyung ရဲ့ဆံပင်အရောင်ကိုကျွန်တော်အရမ်းသဘောကျတယ် Hyung နဲ့လည်းလုံးဝလိုက်တယ် Perfect
Jimin  ကပြောလည်းပြောလူကလည်းထိုင်ခုံကနေကြွပြီးလက်ကလည်း Suga ရဲ့ဆံပင်ဆီရောက်သွားပြီ။
JM: Hyung ကန်တော့နော်ကျွန်တော်ကိုင်ကြည့်ချင်လို့  ..ဝါး လာ Tae မင်းလည်းလာကိုင်ကြည့် ကိုက်စားချင်စရာကြီး

Tae တဲ့နှစ်ခါပြောစရာမလိုဘူး ချက်ချင်းခုံကနေကြွပြီးSuga ရဲ့ဆံပင်ဆီလက်ကရောက်သွားပြီ
Tae ကsuga ရဲ့ဆံပင်တွေကိုဆွဲညှစ်တာကြောင့် suga က Taehyung လက်ကိုဖမ်းဆွဲထားရတယ်။ဘေးနားက Hoseok ကတော့ရယ်တာအူတွေတောင်ပေါက်နေပြီထင်ပါတယ် ခုံကနေတောင်လျှောကျတယ်။ ပြောရမယ်ဆိုရင်ဘယ်သူမှ suga ကိုဒီလိုမဆက်ဆံဖူးဘူး။အများအားဖြင့်သူကအနေအေးပြီးကြောင်ဖို့ကောင်းလို့လူအများကတော့သူ့ကိုရှောင်ကြတယ်။Hoseok ကတော့ Suga နဲ့ သိတာတော်တော်ကြာပြီဆိုတော့ Suga ရဲ့အပြုအမူတွေနဲ့မဆန်းတော့ပေမဲ့ ဒီကလေးနှစ်ယောက်ကတော်တော်လေးကိုထူးဆန်းတယ် Suga ကိုပဲသူတို့မကြောက်တာပဲလားတော့မသ်ပါဘူး ဒါပေမဲ့သူတို့၂ယောက်ကတော်တ်ေတော့ချစ်ဖို့
ကောင်းတာပါ။
ရုပ်ရည်လေးရော စိတ်ထားလေးတွေရော တခါတခါထဖောက်တတ်တာလေးပဲ
ထိုအချိန်
စားပွဲနားကို ကောင်လေးနှစ်ယောက်ရောက်လာပြီး
''အဟမ်း''
''Hyung နာမည်က Seok Jin ပါ ဒါကကိုယ့်သူငယ်ချင်း Kim Namjoon တဲ့''
မိတ်ဆက်သဖြင့် အားလုံးခေတ္တကစားတာရပ်လိုက်ပြီး
''အမ် ဟုတ်'' Jimin ကသူမသိတဲ့သူမို့လို့ကြောင်အမ်းအမ်းနဲ့နှုတ်ဆက်
လိုက်လေသည်။
''Hyung တို့ကဒုတိယနှစ်တွေပါ မင်းတို့ကိုမမြင်ဖူးဘူး ကြည့်ရတာ ပထမနှစ်တွေထင်တယ်''
''ဟုတ် ပထမနှစ်တွေပါ ကျွန်တော်က Jung Hoseok ပါဒါကကျွန်တော့်သူငယ်ချင်းကြီး Min Yoongi ဒါလေးတွေကတော့သူငယ်ချင်းအသစ်လေးတွေ Jimin နဲ့ TaeHyung ပါ''ဆိုပြီး Seok Jin ဆိုသူနဲ့လက်ဆွဲနှုတ်ဆက်တဲ့ Hoseok။
ဒီလိုအခြေအနေမျိုးတွေဆိုပေါင်းသင်းဆက်ဆံရေး
ကောင်းတဲ့Hoseok ကသာဦးဆောင်ရသည်။
''အင်းပါမင်းတို့ကြည့်ရတာချစ်စရာလေး သူလေးဆိုရင် ဖိညှစ်ပစ်ချင်စရာ လေး အူးမွ''
''အားအား Jin Hyung ကျွန်တော်က ကလေးမဟုတ်ဘူး''ဆိုပြီးနှုတ်ခမ်းကြီးဆူကာအဆွဲခံလိုက်ရတဲ့ပါးနှစ်ဖက်ကိုလက်သေးသေးလေးနှစ်ဖက်
နဲ့ပွတ်နေတဲ့ လူသားလေး။သူကတော့တကယ် ကလေးလေးတယောက်လိုပါပဲ။
''ကလေးလေး Minnie ''
Jimin ကလူကောင်သာသေးမယ်သူ့ကိုကလေးလို့ခေါ်ရင်မ
ကြိုက်မှန်း Tae ကသိသောကြောင့်အဆက်မပြတ်လိုက်စနေသည်။
''Tae နော်~ မင်းအာ့လိုဆက်လုပ်နေရင်ငါမင်းနဲ့အတူ အဆင်မချောင်းတော့ဘူး   ဒီကျောင်းမှာကောင်လေးချောချောလေးတွေအများ
ကြီးပဲတဲ့ မောင် Tae တို့တော့သနားပါတယ်''
''Hyy hyy Min ငါကစတာလေနော်''
''ဒီလိုမှပေါ့ မွဟဟဟဟ''
သူတို့နှစ်ယောက်စကားပြောနေတာကို ကြညိ့နေတဲ့သူအားလုံးအူယားပြီးပွဲကျသွားလေ၏။
''ဟိုနက်ဖြန်ကျစကားဆက်ပြောမယ်နော် ခုက lunch break လည်းကုန်ခါနီးပြီဆိုတော့ ''
''တာ့တာ နက်ဖြန်တွေ့မယ်'' fly kiss လေးနဲ့တာ့တာပြသွားတဲ့ Jin hyung ကိုJiminကလည်းမျက်စိပြန်မှိတ်ပြလိုက်၏။
''Tae ငါတို့လည်းသွားသင့်ပြီ။Yoongi Hyung,Hobi hyung နောက်အချိန်ကဘာလဲ။ကျွန်တော်နဲ့ Tae ကနောက်ဆုံး ၂ချိန်ပဲမတူတာ''
''Hyung တို့က ummmmm  သချာင်္ Hyung နဲ့ Yoongi ကအချိန်တူတယ် Yoongi ထအိပ်ပျော်သွားဦးမယ် ငါ့နှယ်ဒီလိပ်ဖိုးကြီးကိုထိန်းနေရတာလည်းမသက်သာပါဘူး''
''အို Hyung နဲ့ကျွန်တော်တို့အချိန်မတူဘူးပဲ ကျောင်းဆင်းရင်ကျောင်းထိပ်မှာစောင့်နေနော် ''
''အင်း တာ့တာ''ဒိတခါမှာထပြောတာကYoongi .
''Bye Bye   ~~~wooo''
''ဒီကလေးတွေအသံပေါင်းစုံထွက်တယ်မထင်ဘူးလား''
YG:   ချစ်တော့ချစ်စရာလေးတွေ
HS:လာငါတို့လည်းသွားမယ်
YG: အင်

ကျောင်းဆင်းချိန်

Jimin ကသူ့ရဲ့ Locker ဘေးနားမှာ Tae ကိုစောင့်နေတယ်
''Jimin ရေဖမ်း~~~~'လို့အော်ပြီး Jimin ဆီလက်ဆန့်ပြီးပြေးလာတဲ့ Tae
''အောက်မလေး Daniel ရဲ့'' Jimin အမြန်ထိန်းပြီးဖမ်းလိုက်၍သာ  မဟုတ်ရင်နှစ်ယောက်လုံးကြမ်းပြင်ပေါ်မှောက်နေတော့မည်။
''Tae အာ့လိုမလုပ်ပါနဲ့ လို့ငါမှာထားတယ်နော် ငါမဖမ်းနိုင်ရင်မင်းဘယ်လိုလုပ်မလဲ ''
''ဘာပဲဖြစ်ဖြစ်ငါတို့ Min လေးကအမြဲဖမ်းမိနေတာပဲဟုတ်ဘူးလား ''
''အေးပါအေးပါ လာသွားမယ် Yoongi Hyung တို့ကိုကျောင်းထိပ်မှာစောင့်ခိုင်းထားတယ်''

ထိုသူငယ်ချင်းနှစ်ယောက်လုံး ကျောင်းထိပ်သွားနေရင်းနဲ့ Senior ကိုကြီး နှစ်ယောက်ကိုတောင်လိုက်ချောင်းတော့မဲ့အချိန် lunch break မှာတွေ့တဲ့ Jin နဲ့ Namjoon တို့ရောက်လာပြီး

''Jiminie ဘယ်သွားမလို့လဲ''
''ဟင် ဩော် Hyung ကျောင်းထိပ် ကိုလေ''
''လာလေတူတူသွားမယ်''
''အင်း'' Jimin နဲ့ Tae ကတော့စိတ်ထဲမှာ နှမြောနေတအမှန်
Jimin က Tae ကို 'ရပါတယ်နောက်နေ့ပေါ့ 'ဆိုတဲ့ အနေနဲ့ Tae ရဲ့ လက်ကလေးကိုညှစ်လိုက်တယ်
Tae ကလည်း Ok ဆိုတဲ့ သင်္ကေတပြန်လုပ်ပြတယ်
👌 သူတို့သူငယ်ချင်းနှစ်ယောက်က အတွင်းစိတ်တွေကိုဖတ်နိုင်တဲ့အထိ တယောက်နဲ့တယောက်နားလည်နေကြပြီ။

''အော် Hoseok Hyung ''
''Yoongi  Hyung''
''အော် Min လေးကလည်း Hobi Hyung လို့ပဲခေါ်ပါ ပင်ပန်းတယ်''
''အင်း Hobi Hyung''
''Hi''
''Jin Hyung ဘယ်မှာနေတာလဲ''
''တို့က ဒီဘက်မှာ''
'' Hmm ကျွန်တော်တို့နဲလမ်းမတူဘူး တရက်လောက်တော့အိမ်လာခဲ့လေ အဆင်ပြေရင် ကျွန်တော် ချိန်းမယ်နော်''
''အင်းရတယ်''
''Hyung ကျွန်တော်တို့ကိုလည်းခေါ်လေ''
''ဒါပေါ့ဒါပေါ့ တို့ Tae နဲ့ Min လေးကိုဘယ်မေ့လို့ရမလဲ''
''အဟိ Taemin Hyung'' သူငယ်ချင်းနှစ်ယောက်လုံးပြိုင်တူဖြေလိုက်တော့ဘေးလူတွေကြောင်သွားတယ်
''ကျွန်တော့် Hyung နာမည်နဲ့တူလို့ပါ''
''ဒါဆို နက်ဖြန်တွေ့မယ်နော် Yoongi Hyung ပါးစပ်ကြီးကိုပိတ်မထားပဲစကားလေးဘာလေးဝင်ပြောပါဦး
''အော် အင်းတာ့တာ နက်ဖြန်တွေ့မယ်''
''Jin Hyung''သူငယ်ချင်းတွေကိုတာ့တာလိုက်ပြနေတယ့်ကလေးနှစ်ကောင် 
Jin Hyung ကတော့ထုံးစံအတိုင်း fly kiss .Tae နဲ Jimin ကလည်းလမ်းမတူ။ထိုနှစ်ယောက်ကတော့ဖက်လိုက်ပြီး''Min ငါ့ကိုအိမ်စာရှိလို့လုပ်ပြီးရင် ပို့လိုက်နော်။''
''မင်း ဘာမှလိုက်မမှတ်လိုက်ဘူးလား''
''ဟင့်အင်း လုပ်ပါနော်''
''Ok ok''
''ဘိုင့် မွ''
''ဘိုင့်ဘိုင်''
------------------------------------------------------------
Ve မကောင်းဘူးမှန်မှန်လည်း update မလုပ်ဘူး။
ယောရောဘွန်း ဆောရီးပါနော်။Ve ပျင်းလို့။ဒီဟာလည်းမပြီးသေးဘဲနောက်တခုရေးချင်တာအပြစ်ရှိလား။Jikook ပါပဲ။

ဘာပဲဖြစ်ဖြစ် ဖတ်ပြီးဝေဖန်ပေးပါဦး။နားမလည်တာရှိလည်းမေးလို့ရတယ်နော်။

U-turn<Jikook>Where stories live. Discover now