ဒီစကားကြီးကို ကြားပြီးနောက် ဝေ့ရူစုန့်ခမျာ ကြောချမ်းသွားလေတော့၏။ သူက ပြောတော့သည်။

"ဟွမ်းဖန်ရာ, မင်းဘာကြောင့် ဒီလို ဆိုးဆိုးဝါးဝါးကြီး ပြောရတာလဲ? ရှုယန်ရှန်းနဲ့နေတာ ဒီလောက်ကြာနေပြီကို ဘာကြောင့်များ ယဉ်ကျေးသိမ်မွေ့တတ်လာဖို့မျိုးကို မသင်ယူခဲ့ရတာလဲ?"

ဟွမ်းဖန်မှာ သောကများပြီး ထိပ်ပြောင်လုနီးနီးပင် ဖြစ်နေလေသည်။

"မင်း စေတနာအတွက်တော့ ကျေးဇူးပဲ"

တစ်ယောက်နှင့်တစ်ယောက် မခွဲနိုင်မခွာရက်ပူးကပ်နေကြသော သူတို့နှစ်ယောက်ကို ကြည့်ရင်း ဝေ့ရူစုန့်ကတော့ ဆက်ပြီးသည်းမခံနိုင်တော့ပေ, ဝေ့ရူစုန့်မှာ ဒီလိုကိစ္စမျိုးနှင့်ပတ်သက်၍ ထင်မြင်ချက်ပေးရန် အရည်အချင်း မရှိသော်ငြား သူက ထိုနှစ်ယောက်၏ သမီးရည်စား ဆက်ဆံရေးကို ဟွမ်းဖန်နှင့် ဆက်ပြီး ဆန်းစစ်အဖြေရှာကြည့်နေတုန်းပင်။ နောက်ဆုံးမှာတော့ ပြဿနာ၏ အရင်းအမြစ်ကို ရှာတွေ့သွားလေတော့သည်။ ဝေ့ရူစုန့်နှင့် ရှောင်းနျန်၏ ပြိုင်ဘက်ကင်း သမီးရည်စားဆက်ဆံရေးကြီးကို နမူနာထား၍ ကြည့်မည်ဆိုပါက ပုံမှန် သမီးရည်းစားများမှာ လက်ကိုင်ရုံနှင့် နမ်းရုံလေးသာ စသင့်သည်လေ။ sex လုပ်နည်း လမ်းညွှန်စာအုပ်ကြီးဆီကို တည့်တည့် ခုန်ဝင်သွားရမှာတော့ မဟုတ်ဘူးလေ။ ဒေါက်တာဝေ့၏ စိတ်ထဲ ဒါက ကုမရတော့ဘူးဟု ခံစားလိုက်ရတော့သည်။ သူတို့တွေ နောက်ကြောင်းပြန်ဆုတ်ပြီး လက်ကိုင်ရုံ နမ်းရုံအဆင့်ပဲ လုပ်မယ်ဆိုရင်တော့ သူတို့ရဲ့ဆက်ဆံရေးကြီးက မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာလိမ့်မယ်။ ဟွမ်းဖန်မှာ ခေါင်းကို ခါရမ်းလေတော့၏။

တကယ်တော့ ငါတို့အခုချိန်မှာ ကွန်ဒုံးတစ်ခုလောက် ပြဲသွားတဲ့ထိ ပြင်းပြင်းထန်ထန် ချစ်ကြလို့ရတယ်, ဒါပေမယ့်လည်း တွဲနေတာ မဟုတ်ပဲနဲ့ ဒီလိုချစ်ကြတာမျိုးကို ငါ သည်းမခံနိုင်ဘူး။ ဒါက ကံတရားပဲလေ။"

"မင်းလည်း ဒါက ကံတရားဆိုတာကို နားလည်တယ်ပေါ့!"

"ငါတို့ အကြောင်းကို မပြောနဲ့တော့, မင်းကရော ဘယ်လိုလဲ," ဟွမ်းဖန်က မြှားခေါင်းကို သူ့ဘက်သို့ လှည့်လာလေသည်။ "မင်း ရှောင်းနျန်နဲ့ မအိပ်ရသေးဘူးမလား?"

Love Stops Rumours {Completed}Where stories live. Discover now