" ကိုယ့်ကိုကြည့်ပါဦး နီနီ "လီဆာက သူ့ရင်ခွင်ထဲကပန်းလေးကိုအတင်းတွေ
ခေါင်းမော့ခိုင်းနေသည်။ မော့မလာတဲ့သူမရဲ့မျက်နှာက
သူရင်ဘက်ထဲထိတိုးဝင်နေသည်။
ဘယ်လောက်တောင်ကြောက်ရွံနေလဲမသိပေမယ့်
မျက်ရည်တွေကို သူခံစားမိပါသည်။" ငိုပါ ငိုလိုဝရင်ကိုယ့်ကို နီနီရဲ့မျက်နှာလေးကိုပေးကြည့်ပါဦး
ချစ်တယ်လို့ ပြောပြီး မျက်နှာရဲ့ပြောင်းလဲမှုလေးကြည့်ချင်လို့ "" ရှင်နော် လူကိုရှက်အောင်လို့ "
သူ့ရင်ခွင်ထဲကထွက်က သူ့ရင်ဘက်ကိုအသာထုရိုက်နေပုံကာ
ကလေးတစ်ယောက်ထက်မပိုခဲ့။ချစ်ဖို့ကောင်းမှုအတိ။" အော ကဲ မဟုတ်လို့လား ပြပါဦးဒီမျက်နှာလေးကို "
အသည်းယားကာ ဂျင်းနီရဲ့မျက်နှာလေးကိုအုပ်ကိုင်လိုက်သည်။
" ရှင်မသိလို့ပါ မပြောမိအောင်ဘယ်လောက်တောင်
ထိန်းချုပ်ခဲ့ရလဲ "" ဘာလို့ထိန်းချုပ်ခဲ့သေးလဲ ချစ်ရင်ချစ်တယ်ပေါ့ "
" ချစ်တယ်ပြောပြီးမှမချစ်ဖူးလို့ခံစားမိမှာစိုးတာ
အန်နီ့အပေါ်လုပ်ခဲ့သလိုမျိုးထပ်ဖြစ်မှာစိုးတာကြောင့်ပါ "လီဆာ သူမနဖူးကိုခပ်ဖွဖွလေးနမ်းလိုက်သည်။
သူမရဲ့မျက်ဝန်းတွေကိုသေချာလေးစိုက်ကြည့်ပြီး
ပြုံးလိုက်ပါသည်။ ဒါဟာလည်းတောက်ပခြင်းတစ်မျိုးပါ။
သူမဆက်ပြောမယ့်စကားတစ်ချို့ကိုငံ့လင့်နေမိသည်။" ခုချိန်မှမပြောလိုက်ရင် ရှင့်ကိုဆုံးရှုံးရတော့မယ်ဆိုတာ
သိနေတယ် ကျွန်မကအန်နီ့ကိုချစ်သေးတယ်ထင်ပြီး
ရှင်ကလက်လွှတ်ပေးမယ်ထင်တယ်
ရှင့်ပုံစံကနောက်ဆုတ်တဲ့ပုံစံလေ "" wow ငါ့မိန်းကလေးက အနာဂတ်ကိုကြိုမြင်နေတာပါလား
ဒါပေါ့ ကိုယ်ကအဲ့လိုပုံစံပေမယ့် နီနီကိုအဆုံးထိလက်တွဲသွားမှာ"" မထင်ရဘူးပဲ "
" နီနီသတိမထားမိလို့ပါ ကိုယ်တို့ဒုတိယအကြိမ်တွေ့ဖြစ်တော့
နီနီရဲ့နဖူးကိုနမ်းခဲ့တယ်လေ နောက် ဓာတ်ပုံရိုက်ခဲ့ကြတယ် "