3

7.1K 499 16
                                    


"အတူရှိကြတာပေါ့ လက်ထပ်ကြမယ် Jennie "

Lisa တွေဝေမှုမရှိခဲ့။ သူ့စကားအဆုံးမှာ
Jennie ၏ တင်းကျပ်ကျပ်ပွေ့ဖက်မှုကိုခံလိုက်ရသည်။

" ကျေးဇူး Lisa တစ်ကယ်ကျေးဇူး "

ကလေးငယ်တစ်ယောက်မုန့်ရသွားသလို
သူမပျော်နေပုံရ၏။ သူ ပြုံးလိုက်မိပေမယ့်
သူ့ဘာမှတွေးမရခဲ့ပါ။
သူ့ကိုမချစ်ဘဲနဲ့ သူမဘာကြောင့် သူနဲ့ လက်ထပ်ချင်ပါသလဲ?

" အဲ့လောက်တောင်ပျော်လား "

ခေါင်းကိုတွင်တွင်ညိမ့်ပြနေသော လူသားငယ်လေးအားသူ အရမ်းချစ်ပါသည်။သူမပျော်နေဖို့ပဲ
လိုအပ်သည်။သူဘာပဲလုပ်ရလုပ်ရ။
Jennie ၏ခေါင်းကိုခပ်ဖွဖွကိုင်လိုက်ပြီး
ဆံပင်တွေကိုဖွလိုက်မိသည်ထိသူ ရူးသွပ်နေပြီ။

" ကိုယ်ကချစ်ရသူလေ ဒါကြောင့် NiNi
ပျော်ဖို့ပဲလိုတာ ရှေ့လျှောက်ပျော်ရွှင်စေရမယ်လို့
အာမခံတယ် "

" အင်း LiLi "

Lisa အကြိမ်များစွာတွေးခဲ့ဖူးတယ်။
Jennie ကိုဘာကြောင့်ချစ်ခဲ့တာလဲ?
အဖြေကတော့ အကြောင်းပြချက်မရှိတာကြောင့်။
အချစ်မှာဘာကြောင့်ဆိုတဲ့အကြောင်းပြချက်မရှိဘူး။
သူမဖြစ်လို့သဘောကျတယ်။
သူမဖြစ်နေလို့ချစ်တယ်။
သူမအနားမှာနေခွင့်ရခြင်းကိုက
ရှေးဘဝကပြုခဲ့တဲ့ကောင်းမှုအကျိုးပဲဖြစ်သည်။

ကြယ်စုံနေသောကောင်းကင်ဆိုတာနေ့တိုင်းလိုလို။
ဒါပေမယ့် ပင်လယ်ကမ်းခြေကနေကြည့်ခွင့်ရတဲ့
ကောင်းကင်ပြင်ရဲ့အလှကိုတော့မြို့ပြတွေမှာ
မတွေ့နိုင်။

လင်းတစ်လှည့်မှိန်တစ်လှည့်ကြယ်တာယာတွေကို
Jennie နဲ့ Lisa က ကွပ်ပျစ်ပေါ်ထိုင်ကာကြည့်နေ
ကြသည်။

" LiLi က ကြယ်ကြွေတာကိုသဘောကျလား "

" အင်း ဆုတောင်းလို့ရလို့သဘောကျတယ်လေ"

" ဆုတောင်းတွေပြည့်ခဲ့ဖူးလား "

" အင်း တစ်ခု​ေသာဆု​တောင်းကတော့
ပြည့်ကောင်းပြည့်ခဲ့လိမ့်မယ်ထင်တယ် "

ထုံးစံအတိုင်း ပတ်ဝန်းကျင်အတိုင်း
တိတ်ဆိတ်သွားပြန်တယ်။
Jennie ဟာ Lisa ပခုံးပေါ်ကိုခေါင်းမှီထားသည်။

EndlessTempat cerita menjadi hidup. Temukan sekarang