11

5.7K 479 39
                                    

လောကမှမဖြစ်သင့်တဲ့အကြောင်းအရာတွေရှိလိမ့်မယ်။
ရိုးသားဖြူစင်ခြင်းရဲ့နောက်ကနေကပ်ပါလာတတ်တဲ့
ခပ်ညံ့ညံ့လိမ်ညာခြင်းတွေပေါ့။
ဖြစ်နိုင်ရင်ကိုယ်မသိသလိုနေချင်တာ။

လီဆာ၏အတွေးများစွာမှာ ဂျင်းနီကိုယ်ဝန်ရှိတယ်ဆိုတာကို
မဖြစ်နိုင်ဘူးဆိုတဲ့အရာကထပ်တူညီစွာအကြိမ်ကြိမ်တွေးမိလျက်။

သူမကိုဖက်လိုက်တဲ့အချိန်တွေတိုင်း ပြားချပ်နေတဲ့
သူမရဲ့ဗိုက်လှောင်ရယ်နေသလိုထင်ရပေမယ့်
သူမကိုဖက်တွယ်ခြင်းနောက်မှာပျောက်ဆုံးရသည်။

ဘယ်လိုအကြောင်းတရားမျိုးကဂျင်းနီကို ဒီလိုဖြစ်စေတာလဲ?
ကိုယ်တိုင်မသိခဲ့တဲ့အမှားဆိုတာရှိခဲ့မယ်ဆိုရင်တောင်
သူအနည်းငယ်မှတ်မိမှာပေါ့။ သူမပြောသမျှကို
ခပ်ယောင်ယောင်သံယောင်လိုက်ရင်းနေလိုက်မိသည်။

မနေ့ညကညနေစားလို့မကောင်းခဲ့ဘူး။
သူမနဲ့စကားအနည်းငယ်ပြောဖြစ်ကြရင်း
သူမရင်ခွင်လေးကသူ့အတွက်နွေးထွေးနေသလိုပါပဲ။
အိပ်ပျော်သွားပြီအထင်နဲ့သူ့ပါးကိုနမ်းလိုက်တာရော
တစ်ကိုယ်တည်းစကားပြောဆိုတာရောကြားလိုက်ရသည်။

ဘာကဘာလဲ လီဆာ မဝေခွဲတတ်တော့ပေ။
လက်ရှိ ဂျင်းနီကိုယုံလိုက်ရမှာလား။ဘာပဲဖြစ်ဖြစ်
ချယ်ယောင်းအမြန်ရောက်လာဖို့ဆုတောင်းရင်း
မနက်လင်းခဲ့ရသည်။

နောက်တစ်နေ့မနက်မှာ သူမအလုပ်သွားခဲ့သည်။
ညကတည်းရောက်နေကြတဲ့ဂျီဆူနဲ့ချယ်ယောင်းက
တော့အိပ်ပျော်နေကြဆဲ။

တစ်ယောက်တည်းပျင်းသလိုရှိတာကြောင့်
ခြံထဲဆင်းကာလမ်းလျှောက်နေမိသည်။

ဘာမှမမြင်ရတာတဲ့လောကကြီးကနေလို့တော့ကောင်းသား။

" လီဆာ "

ဂျီဆူရဲ့ခေါ်သံကြောင့် လီဆာနောက်လှည့်လိုက်ပါသည်။
မမြင်ရသော်ငြား စကားပြောချိန်မျက်နှာချင်းဆိုင်ပြီးနေရတာ
စည်းမျဉ်းမဟုတ်ပါလား။ ဂျင်းနီသတ်မှတ်ထားတာ။

" ဟုတ် ဂျီဆူ ပြောစရာရှိလို့လား "

" အင်း "

EndlessWhere stories live. Discover now