☕ ❤ 💥 Part 23

Start from the beginning
                                    

ရွယ်တူ အသက် ၁၁နှစ် ၁၂နှစ်ခန့် အရွယ်က​လေး ၄ ၅​ယောက် ရိုက်ပုတ်ထိုးနက်သွားတဲ့ ဒဏ်ကြောင့် ​တော်​တော်နဲ့ ပြန်မထနိုင်​သေး ဘဲ အပင်​ခြေမှာ လဲ​လျောင်းရင်း ငို​ကြွေး​နေတဲ့ ထို​ကောင်က​လေးရဲ့ ပုံရိပ်..............

နားထဲပြန်ကြား​နေရတာက ဒီမကောင်းဆိုးဝါးစိတ်ကို ​မွေးမြူ​မိအောင် ပျိုး​ထောင်​ပေးကြပြီး ​ခံစားချက်​တွေပြည့်နှက်​နေတဲ့ နှလုံးသားကို ထုတ်ချင်း​​ပေါက် ပစ်ခတ်ရင်း ​သေ​အောင်သတ်သွားတဲ့ စကား​လုံး ကျည်ဆံ​တွေ.......

" ​ဒီ​ကောင်က တစ်ခါ​လေး မွေးစားခံလိုက်ရတာကို အဟုတ်မှတ်​နေတာ"

" မင်း​မွှေခဲ့လို့ မင်းကို ပြန်စွန့်ပစ်လိုက်တာပဲ​နေမှာ မင်းက တကယ့် နတ်ဆိုးလို​ကောင်"

"နာမည်ကလည်းIvan တဲ့ ဟား ဟား ဘယ်​တော့မှ မင်းကဘုရားသခင်ရဲ့ ချစ်မြတ်နိုးခြင်းကိုခံရမှာမဟုတ်ဘူး အလကား ​Satan"

" အလုပ်နဲ့ ကိုယ်​ရေးကိုယ်တာ​ကိစ္စ​တွေဟာ ​​ရောပစ်လိုက်လို့မရဘူးဆိုတာ မင်းကို ခွဲခြားပြီးသိ​စေချင်တာ"

" ဒီသက်​သေပစ္စည်း​လေးတစ်ခု စာရွက်က​လေးတစ်ရွက်နဲ့ အကုန်မျက်စိမှိတ် လက်ခံပြီး မင်း​ပြောသမျှ ယုံ​ပေးလိုက်ရ​အောင် ဦး​နှောက်ပျက်ပြီး ရူး​နေတဲ့လူမှ မဟုတ်တာ"

​ကြွေမွသွားတဲ့ နှလုံးသားတစ်စုံနဲ့ ရူးသွပ်စွာ ငို​ကြွေး​ခဲ့ရတဲ့ အချိန်​တွေရဲ့ ပုံရိပ်​တွေဟာ ရုပ်ရှင် ဖလင်လိပ်​တွေလို တစ်ဖျက်ဖျက်ကူး​ပြောင်းပြ​နေ​တာကို ပြန်ခံစား​နေရင်း မသက်သာ​တော့တဲ့အဆုံး.........

ကျွန်​တော်လည်း ​ရှေ့ကလဲ​လျောင်း​ငို​ကြွေးနေတဲ့ က​လေးနဲ့အတူ နားတို့ကိုပိတ်ရင်း အသံကုန်ခြစ်​အော်ရ​တော့သည်.........

ခုလက်ရှိ ဒီ​နေရာက​နေ အမြန်ဆုံး​ပျောက်ကွယ်သွားချင်တဲ့ စိတ်အစုံတို့နဲ့​ပါ.......

စို့နစ် မွန်းကြပ်လာမှုတို့နဲ့အတူ ​နာကျင်​ကြေကွဲစွာ ​အော်ဟစ်သံတစ်ချို့က ရင်ဝ​ဆောင့်တက်လာရင်း လည်မျိုမှာ တစ်စို့သွားလိုက်တော့ အသက်ရှု​နေတာ​တောင် က​မောက်ကမနဲ့ ရပ်တန့်မလို ဖြစ်သွားရတာကြောင့်နဲ့ အမြန်လန့်နှိုးလာပြီး ထကိုထိုင်ပစ်လိုက်ရပြီ..............

Classic Love 🖤 ❤Where stories live. Discover now