ကွေ့ယန် မည်သူ မည်ဝါ ဖြစ်ကြောင်း သိပြီးသည့်တိုင်၊ သူတို့ ခရီးလမ်းကြောင်း၌ အဖုအထစ် အခက်အခဲများ မည်မည်ရရ ပေါ်မလာခဲ့ပေ။ အရင်ကလိုပဲ လက်ရှိမှာပါ ကွေ့ယန် လုပ်ရပ်မှန်သမျှကို ရွမ်သုန်းတစ်ယောက် ဖာသိဖာသာ သဘောတူ လိုက်လျောပေးစမြဲ။
ကွေ့ယန် လမ်းကြောင်းပြောင်းဖို့ ရုတ်တရက် တောင်းဆိုလာတိုင်း သူမ နောက်က လိုက်ဖမ်းနေသူတို့ သူမတို့ မူလက သွားရန် ရည်ရွယ်ထားသည့် လမ်းပေါ် ရောက်လာတတ်သည်ကို ရွမ်သုန်း တဖြည်းဖြည်း သိလာခဲ့ရသည်။ သူမ အတွေးမှာတော့ - 'ကွေ့ယန်သာ လမ်းကြောင်းပြောင်းခိုင်းပြီး ငါ့ကို မကယ်ရင် ငါ သေနေလောက်ပြီ' ဟု ရှိလေသည်။
တောင်ပိုင်းသို့ ချဉ်းနင်းဝင်ရောက်လာသည်နှင့်အမျှ သူတို့နောက် လိုက်ဖမ်းနေသော လူစုလည်း နည်းပါးလာသည်။ နတ်မိစ္ဆာဂိုဏ်း အဓိကစခန်းကို ရောက်ဖို့ သုံးရက်ခန့်တော့ လိုမည်ဟု ရွမ်သုန်း ခန့်မှန်းထားသည်။
ထိုနေ့မနက်က ကွေ့ယန် ရွမ်သုန်းကို အစောကြီး နှိုး၍ ဆိုသည်။ "မက်မွန်ပင်တွေ သွားကြည့်ရအောင်..."
ကွေ့ယန် ဒီလိုမျိုး ထဖောက်တတ်သည်ကို ရွမ်သုန်း ကျင့်သားရနေပြီ။ သူမ ချက်ချင်း ပစ္စည်းပစ္စယများ သိမ်းဆည်းလိုက်သည်။ သူမ အထင်မှာက နောက်က လိုက်လံသတ်ဖြတ်နေသူတို့ရန်မှ ပုန်းအောင်းတိန်းရှောင်ရမည်ဟု။ ကွေ့ယန် သူမကို မက်မွန်ပင်ကြည့်ရန် တကယ်ကြီး ခေါ်သွားမည်ဟုတော့ ထင်မထားခဲ့မိပေ။
သူက ရွမ်သုန်းကို မက်မွန်ပင်တို့ စီရီတန်းသည့် လမ်းကလေးတစ်လျှောက် ခေါ်လာခဲ့သည်။ သူ့မျက်နှာမှာက ကျေနပ်ရောင့်ရဲနေသော အပြုံးနှင့်။ သူ ရွမ်သုန်းကို ပင်ရိပ်အောက်၌ လာရပ်နေစေလိုက်သည်။ မက်မွန်ပင်မှသည် ပန်းနုရောင် ဝတ်လွှာတို့ ညင်သာ ပျေုင်းပျောင်း ကြွေညောင်းခကာ ရွမ်သုန်းကိုယ်ပေါ် ဝဲနေကြတော့သည်။
YOU ARE READING
ဒီ တစ်ဆောင်း (ပျားရည်စုပ်ပန်း)
Short Story[Zgyi+Uni] တစ်ယောက်က ဘယ်တော့မှ မသေဘဲ တည်မြဲရှိနေမယ့် ကျုံးရှီ။ နောက်တစ်ယောက်က ဘယ်အချိန်အခါ သေရမလဲ မသိနိုင်တဲ့ မိစ္ဆာဂိုဏ်းသားတစ်ဦး။ ရှန်သန်ခြင်းနဲ့ သေဆုံးခြင်းအကြောင်း ပုံပြင်လေးတစ်ပုဒ်. . .။ တစ်ယောက်က ဘယ်တော့မှ မသေဘဲ တည်မြ...