#Uကျောင်းသားဝတ်စုံဆင်တူနှင့်
ငယ်ရွယ်သောကောင်လေးနှစ်ယောက်...တီရှပ်ဆင်တူနှင့်
လွတ်လပ် ပေါ့ပါးသော လူငယ်လေးနှစ်ယောက်...အနောက်တိုင်းဝတ်စုံ ကိုယ်စီဖြင့်
ပိုပြီးရင့်ကျက်လာသောဟန်ဖြင့် သူတို့နှစ်ယောက်....စားပွဲပေါ်တွင်အစီအရီတင်ထားသော ဓာတ်ပုံများ....
အချိန်...
နေရာ....
နောက်ခံမြင်ကွင်း....
အသီးသီးပြောင်းလဲသွားပေမဲ့မပြောင်းလဲခဲ့သော အပြုံးများ...
တစ်နည်းအားဖြင့် အတူရှိခြင်း၏ ပြည့်စုံမှု....
သို့မဟုတ်
တစ်ဦးအပေါ်တစ်ဦး ထားရှိသော ချစ်ခြင်းတရား.... ။မနက်ခင်း နိုးလာသည်နှင့်
Jimin မြင်ရသည်က သူနှင့် Yoongiရဲ့ စုံတွဲ ပုံ များ
နှင့် .. နှုတ်ခမ်း ပါးပါးတို့ ကပုံဖော် သည့်
ချစ်စရာ အပြုံးနဲ့ လူတစ်ယောက်၏ပုံရိပ် ... ။ထိုဓာတ်ပုံရိုက်စဥ်
ခပ်တည်တည်နေရင်း Cool guy
ဟန်ဆောင်ချင်ပေမဲ့
Jimin ရဲ့ မျက်နှာပြောင်မှုတွေကြောင့်
ရယ်ရင်းနှင့် ချစ်စရာကောင်းသွားတဲ့ပုံဖြစ်သွားလို့
အလိုမကျဖြစ်ခဲ့သေးသည့် Yoongi hyung...ပြန်တွေးမိရင်း အပြံးနုနုတို့ဖြစ်တည်သွားရသည်။
ဒါက မရေမတွက်နိုင်တဲ့မနက်ခင်းတိုင်းမှာ
အိပ်ရာနိုးနိုးချင်း
အဝါနုရောင်မှန်ဘောင်လေးနှင့်ကွပ်ထားတဲ့ပုံကို
ကြည့်လိုက်မိတိုင်း
Jiminကို ပြုံးရယ် စေတဲ့ အမှတ်တရလေးတခုပါ... ။အိပ်ရာပေါ်ကမထခင်
အကျင့်ပါနေကျ အတိုင်းဖုန်းကိုကြည့်လိုက်မိသေးတယ်။
Good morning ဆိုတဲ့ message တော့မဟုတ်ဘူး
ညနေကျအလုပ်ဆင်းရင် တွေ့မယ်နော်တဲ့.... ။ရူးကြောင်ကြောင် Good morning ဆိုတဲ့
စကားထက်
မင်းနဲ့ညနေခင်းမှာတွေ့ဖို့
မနက်ထဲကတောင်မျှော်လင့်နေပါတယ်ဆိုတဲ့စကား
ကပို ရင်ခုန်ဖို့ကောင်းတယ်ဆိုတာ သိလား ။နှိုးစက်တို့ဖုန်းတို့ဘေးနားရှိသားနဲ့
တစ်ယောက်နဲ့တစ်ယောက်ဖုန်းဆက်နိုးတာထက်
ဒီနေ့ သူမနက်စာဘာစားချင်မလဲခန့်မှန်းရင်း
ဖုန်းဆက်မှာပေးတာမျိုးက
ပို ပြီး အဓိပ္ပာယ် ရှိစွာ romantic ဖြစ်စေတယ်ဆိုတာ မင်းတို့ မသိဘူးမလား ။
ΔΙΑΒΑΖΕΙΣ
In A Relationship with Cute Class Leader [ YM ] ✅
FanfictionMin Yoongi Student and his cutie Class leader