တစ်နေ့သောဆောင်းမနက်ခင်းမှာတော့ ငှက်ကလေးတွေရဲ့ ကျီကျီအာအာအသံနဲ့အတူ ကျွန်တော် နိုးထလာခဲ့သည်။
နဘေးနားက စောင်ပုံထဲ နှာဖျားလေးထိ ဖုံးအုပ်ကာ ခြုံထားတဲ့ ကျွန်တော်ရဲ့ ချစ်ရသူကလေး။
အနှီးထုပ်လေးဖြူဖြူထဲက မွေးကင်းစ ကလေးငယ်လေးလို၊ စောင်ကင်းလွတ်နေတဲ့ မျက်လုံးနဲ့ နှာဖျားလေးတွေကိုလည်း ကွယ်ဝှက်ပစ်လိုက်ချင်သည့်အထိ ဖြူဖြူစင်စင် လှပနေတဲ့ ကျွန်တော်ရဲ့ကလေး၊ တစ်ကယ်ကို ပိုတယ်ပဲ ဆိုကြပါစေ ကျွန်တော်အတွက်က အိမ်ထောင်သက်(၅)နှစ်နီးပါး ကြာခဲ့သည်အထိ အမြဲတမ်းအချစ်မလျော့သော၊ ချစ်မဝသော ကျွန်တော်ရဲ့ အိမ်ထောင်ဖက်လေးကို အချစ်တိုးရသောပါပဲ။
တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်တွေကို နားလည်ရင်း ဖြည့်ဆည်းရင်း ညှိနှိုင်းရင်း အတူတူရှိလာခဲ့ကြတာ အခုဆို(၅)နှစ်ထဲဝင်ခဲ့ပြီ ဖြစ်လေသည်။
ဘေးတစ်စောင်းအိပ်ကာ ညာလက်ကိုကွေးရင်း နားထင်ကိုထောက်ကာ ကျွန်တော်ရဲ့အသည်းညှာလေးကို ကြည့်နေလိုက်လေသည်။
"ကို....ကို"
"အင်း...!"
"Gunရုပ်ဆိုးနေလို့လား"
"မဆိုးပါဘူး ကလေးရ!ကိုယ့်ကလေးက ဒီလောက်ချစ်ဖို့ကောင်းတာကြီး ဆိုးစရာလား"
"မနက်စောစောစီးစီး စိုက်ကြည့်နေတော့ မျက်ချေးတွေပေနေလို့လား"
"မဟုတ်ရပါဘူးဗျာ ကိုယ်ကချစ်လို့ကြည့်နေတာပါဗျ"
"ပြီးရော... Gun ထပြီနော်၊ မနက်စာပြင်ထားပေးမယ် ကိုကိုက အိပ်ယာသိမ်းခဲ့"
"ကောင်းပါပြီးတဲ့ဗျာ"
"ပြွတ်စ်...!"
မနက်တိုင်း မပျက်မကွက် အနမ်းတစ်ပွင့်ကလည်း နှုတ်ခမ်းထက်သို့ ကျရောက်လာကာ အနမ်းမူပိုင်ရှင်လေးကတော့ စောင်တွေကို ကန်ချကာ အိပ်ယာပေါ်က ဆင်းသွားလေပြီဖြစ်သည်။
ထုံးစံအတိုင်း အိပ်ယာကို သေသပ်စွာ သိမ်းလိုက်ပြီး ရေချိုးခန်း ဝင်ခဲ့လေသည်။
ကျွန်တော်အသင့်ဖြစ်သည်နှင့် ကလေးကရေချိုးခန်းဝင်၊ ပြီးတာနဲ့ မနက်စာကို အတူတူစားသောက်ကာ ကလေးရဲ့ ကော်ဖီဆိုင်လေးကို ကျွန်တော်အလုပ်သွားရင်း ဝင်ပို့ဖြစ်သည်။
STAI LEGGENDO
Fanfiction(Completed) #Offgun #fanfiction (Zawgyi+Unicode) 23/10/2019~14/2/2020