အပိုင်း(၄)
1.5K 129 4
"ဟင်းရွက်စုံ...ဟင်းရွက်တွေအစုံရမယ် "
ဟိုဘက်ခြံကနေ အိမ်ဘက်ကိုအကူး ကြားလိုက်ရတာ အဆန်း၊ ဒါထက်ဆန်းတာက ဟင်းရွက်တွေကို တောင်းနှစ်တောင်းထဲထည့် တောင်းမှာကြိုးတပ်ပြီး ထမ်းပိုးနဲ့သယ်လာတာပင်။
အိမ်မှာတုန်းကတော့ ခြံထဲကလာပို့တာနဲ့ ဈေးမှာပဲ ရတဲ့အမျိုး၊ ပြီးတော့ ရောင်းတာက အန်တီကြီးတွေ၊ အခုက Gun နဲ့မတိမ်းမယိမ်း ကောင်လေးက ထမ်းလာပြီး ရောင်းနေခြင်း။
လာပါအုံး.....လို့ခေါ်လိုက်လို့လည်း မဖြစ်သေး၊ ဟိုမျက်မှေးချက်ကျွေးတဲ့ ဝက်သားနီချက်နဲ့ မုန်ညှင်းကြော်လေး စားချင်နေတာ၊ ဒီအသည်ဆီက အသားမပါတော့ ဈေးကသွားရမှာပင်။
သတိထားမိသလောက် ဒီလိုလှည့်ရောင်းတဲ့အသည်တွေရဲ့ အသံကို အရင်ရက်ကတည်းက ကြားဖူးခဲ့သည်။
ဒါပေမဲ့လည်း လူကအိမ်တွင်း ပုန်းနေသူမို့ အပြင်လည်းမထွက် ရေခဲသေတ္တာထဲ ဟိုဘိုးတော် ဝယ်ထားတာတွေ ဖြစ်သလိုချက်စားရင်း ဖြတ်သန်းနေတာ၊ ကြာတော့ လူကညှင်းသိုးသိုးနဲ့ ဆံပင်လည်းရှည်စပြုနေပြီ ၊တစ်ကိုယ်ရည် တစ်ကာယ လိုအပ်တာလေးတွေလည်း ဝယ်ရမှာမို့ ဒီနေ့တော့ ဈေးကိုသွားရမည်။
ဈေးသည်လေး အိမ်ရှေ့က ကျော်သွားတဲ့အထိ လူက အကြောင်းမဲ့ ရပ်ကြည့်နေလေသည်။
ဟိုလူက တစ်ခုခုလိုရင် သူ့ဆက်လို့ အရင်ရက်က မှာသွားပေမဲ့ သူလည်းသပ်သပ် ကိုယ်လည်းသပ်သပ် တစ်ယောက်တစ်ထောင့်စီသာ။
အချိန်ရှိတုန်းလေး ဈေးပြေးဖို့ အခန်းထဲကို အရင်ဝင်ကာ ပိုက်ဆံအိတ်သေးလေးကို ယူလိုက်သည်။
အိတ်ထဲမှာ လက်ကျန် (၃၀,၀၀၀)လောက်က ဈေးသွားလို့ ရလောက်တယ်ထင်တာပဲ၊ မသွားခင် မီးဖိုခန်းမှာ ဘာလိုလဲ အရင်ဝင်ကြည့် တစ်ယောက်တည်း ယောက်ယက်တွေခတ်နေကာ နောက်ဆုံး လိုရမယ်ရ ဈေးစာရင်းလေး ချရေးလိုက်သည်၊ တစ်မျိုးမေ့တာနဲ့ နောက်တစ်ခေါက်ကြီး ပြန်မသွားချင်ပါဘူး၊ ဘေးအိမ်က အစ်မကိုမေးထား ပြုထားတာမို့ ဈေးက နေတဲ့အိမ်နဲ့ ဟိုဘက်လမ်းမကြီးတွင် ရှိကြောင်းသိနှင့်ပြီးသား၊ ဒီလိုပဲ မေးပြုပြီး သွားရမှာပဲ၊ အော် ထမင်းလေးတစ်ခါစားဖို့ ပါးတို့မားတို့ကိုတောင် လွမ်းမိသွားသည်၊ အိမ်မှာဆိုရင်....