အပိုင်း(၂၀)
1.1K 109 8
"တင်းတောင်!!! တင်းတောင်!!!"
အိမ်ရှေ့မှ စည်းချက်ကျကျ လူခေါ်ဘဲလ်အသံက မြည်လို့လာပါသည်။
ညနေစောင်းကတည်းက အိပ်ပျော်သွားတာများ ဘဲလ်မြည်သံကြောင့် နိုးလာရသည်။
ချောင်းကြည့်ပေါက် မှန်ဘီလူးကနေ ပေါ်နေတဲ့ လူက ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ ကောင်မလေးတစ်ယောက်။
အိမ်နေရင်း ပန်းပွင့်ပန်းခက်လေးတွေပါတဲ့ အထက်အောက်အင်္ကျီကို ဝတ်ဆင်လို့ ထားလေသည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲ ညီမ"
"အာ...ညီမက ဟိုဘက်မျက်စောင်းထိုးက အခန်းမှာ နေပါတယ်၊ ညီမတို့ ပြောင်းလာတာ မကြာသေးပါဘူး၊ အခုက အိမ်တက်လေး ဖိတ်ချင်လို့ပါ၊ မနက်(၁၀:၀၀)နာရီ နေ့ဆွမ်းကပ် တရားနာလေး အိမ်ကို ကြွခဲ့ပေးပါနော်၊ အိမ်ရှိ လူအကုန် အတူတူလာခဲ့ပါနော်"
"လာခဲ့ပါ့မယ်ဗျ ကျေးဇူးပါ"
လက်ထဲကို ဖိတ်စာလေး ကမ်းပေးပြီး ဖော်ဖော်ရွေရွေ ဖိတ်သွားတဲ့ ကောင်မလေးကတော့ မဆိုးပါဘူး၊ မနက်ဖြန်တော့ ကျွန်တော်နဲ့ ကလေး အိမ်မှာ ချက်စရာ မလိုတော့ဘူးပဲ။
တီ တီ တီ တွီ!!!ဂျောက်!!!
လူက လက်ထဲက ဖိတ်စာကို ကိုင်ပြီး နေရမရွေ့ရသေးခင်မှာဘဲ သင်တန်းကနေ ကလေး ပြန်ရောက်လို့ လာပါသည်။
"အစ်ကိုOff အပေါက်ဝကြီးမှာ ဘာရပ်လုပ်"
စီးလာတဲ့ ဖိနပ်ကို အဝင်ဝက ဖိနပ်စင်မှာ ချွတ်ထားကာ အိမ်စီးဖိနပ်နဲ့ လဲစီးရင်း ကျွန်တော်ကိုလည်း မေးနေတဲ့ Gun။
"အော် ဟိုဘက်အိမ်က အိမ်တက် ဖိတ်စာလေ၊ ကလေး မနက်ဖြန် သင်တန်းမရှိဘူး မဟုတ်လား"
"အင်း ပိတ်တယ် ကျွန်တော် ရေသွားချိုးတော့မယ် ဒီမှာ ကြေးအိုးဝယ်လာတယ်"
ကြေးအိုးထုတ်ကြီး လက်ထဲ ထည့်သွားပြီး လူက ကော့တော့ ကော့တော့နဲ့ အခန်းထဲ ဝင်သွားလေတော့သည်။
တစ်ယောက် တစ်လှည့် အိပ်ရတဲ့ အခန်းကို အခုတလော ကလေးစုတ်က မောင်ပိုင်စီးထားတာများ အိမ်ကြီးရှင် ကျွန်တော်က Sofaပေါ် ရောက်နေရတဲ့အဖြစ်။