Author ပေးတဲ့ ဒါဏ်ရာ အသစ်

Start from the beginning
                                    














.
.
.
.
.
.

နာရီကို ကြည့်မိလိုက်တော့....
လေယာဉ်ချိန်ကကျော်သွားပြီဖြစ်လေ၏။

ပတ်ဝန်းကျင်အနေအထားကိုသတိထားမိတော့
Hmmm ငါ....မတို့အိမ်နားရောက်လာခဲ့တာပဲ...

မတို့အိမ်နဲ့ မနီးမဝေးမှာ ကားလေးကို ရပ်ထားလိုက်ပြီးနောက်...
အနီးအနားက သစ်ပင်လေးတစ်ပင်အောက် မှာ
ရပ်နေရင်း မရဲ့အခန်းလေးရှိရာဆီကို လှမ်းကြည့်နေလိုက်။

Jennie မတို့ အိမ်ထဲ ဝင်သွားပြီး
မရဲ့ မိဘတွေကိုနှုတ်ဆက်ချင်ရင် နှုတ်ဆက်လို့ရပေမဲ့
မက ဒါကို အလိုရှိမှာမဟုတ်ပါဘူးလေ...

မရဲ့ အခန်းလေးက မီးမလင်းနေပေ ...

ဒီအချိန်ဆို အိပ်နေလောက်ပြီလား Chuu....

Jennie...မရဲ့ အခန်းလေးကို လှမ်းကြည့်နေခိုက်

မတို့အိမ်ရှေ့ ကားတစ်စီးရောက်လာသည်။

ကားထဲကနေထွက်လာသူက ....မ

တစ်စုံတစ်ယောက်ကိုလက်ပြနှုတ်ဆက်ရင်း
အိမ်ထဲဝင်ဖို့ လုပ်နေတာကြောင့်....

Jennie....အရဲစွန့်ပြီး...မ ရှိရာသို့သွားလိုက်သည်။

မ က Jennie ကိုတွေ့ပုံမပေါ်....

မမြင်ရတာကြာပြီဖြစ်တဲ့ မက
အရင်ကထက်တောင် ပိုပြီးလှနေလိုက်တာ.....

"Chuu...ya..."

ခပ်တိုးတိုးခေါ်လာတဲ့ အသံကြောင့် Chu ရဲ့
ရင်ခုန်နှုန်းတို့ သိသိသာသာမြန်လာခဲ့သည်။

ရင်းနှီးနေခဲ့တဲ့ ဒီအသံ...
မေ့ပြစ်ချင်ခဲ့တဲ့ ဒီအသံ...
ကမ္ဘာပေါ်မှာ Chuu လို့ခေါ်မဲ့လူက
သူတစ်ယောက်တည်းပဲရှိတာလေ...

Chu...ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

သူ....
အချိန်အတိုင်းအတာတစ်ခုထိ
မေ့ပြစ်ဖို့ကြိုးစားခဲ့ရတဲ့တစ်ယောက်တည်းသောသူ....
တစ်ကယ်...သူပဲလား....
Chu အရှေ့မှာ အရိပ်ကလေးအဖြစ်တောင်
ပေါ်မလာခဲ့တာ အခုဆိုရင် ဘယ်နှနှစ်တောင်ရှိနေခဲ့ပြီလဲ....

သူပေးတဲ့ ဒဏ်ရာတွေပျောက်ဖို့ နှစ်ချီနေအောင် ကုစားခဲ့ရတဲ့နေ့တွေက နည်းမှမနည်းပဲ ....
သတိရမိနေတဲ့သူ့ကိုမေ့ဖို့ ကြိုးစားခဲ့ရတာကလဲအကြိမ်ကြိမ်...

Hope Not (Completed)Where stories live. Discover now