Unicode. versionHope Not
Episode - 16
Jennie မရဲ့ အခန်းလေးထဲ ဝင်သွားလိုက်ပြီး
အခန်းတံခါးကို Locked ချလိုက်သည်။မ ကJennieရောက်နေမှန်းမသိ
ရေချိုးပြီးကာစမို့လို့ အင်္ကျီလဲနေရင်း ကုတင်ပေါ်မှာ
ကျောပေးထိုင်နေလေသည်။Bra ကြိုးလေးကိုဆွဲတင်ရင်း
အပေါ်ထပ်အင်္ကျီလေးကို ဝတ်နေတာကြောင့်
မရဲ့ ဖြူနုနေတဲ့ ပုခုံးသားလေးကို
မြင်ဖြစ်အောင် မြင်လိုက်လေသည်။( Jendeukieတို့ အချိန်ကောင်းကို
ကွက်တိရောက်လာတာ😅😅)" Omma...ဒီအင်္ကျီက အနောက်နားက
နည်းနည်းယားသလိုပဲ ဘာရှိနေတာလဲမသိဘူး
ကြည့်ပေးအုံး "မက သူ့Omma အထင်နဲ့ နောက်လှည့်မကြည့်ပဲ
စကားပြောရင်း အင်္ကျီဝတ်လက်စလေးကို
ဆက်မဝတ်ပဲချွတ်ကြည့်ဖို့ကြိုးစားနေလေသည်။Jennie ခြေသံမကြားအောင်
ခပ်ဖွဖွလျှောက်သွားလိုက်ပြီးနောက်
မရဲ့ အင်္ကျီလေးကို ယူကြည့်လိုက်ပြီး
အင်္ကျီချွတ်လက်စကြောင့်
ပေါ်နေတဲ့ ပုခုံးသားဖြူဖြူလေးတွေကို
ငုံ့နမ်းလိုက်သည်။မရည်ရွယ်ပါပဲ မရဲ့ ပုခုံးသားလေးတွေကို
နမ်းရင်း သွားလေးနဲ့ ဖွဖွလေးကိုက်လိုက်မိသည်။ပုခုံးသားပေါ်က အထိအတွေ့ကြောင့်
Chu ...တော်တော်လေးလန့်သွားပြီး
နောက်လှည့်ကြည့်ရင်း ရင်ဘတ်ကို
ချွတ်လက်စ အင်္ကျီနှင့် ကာလိုက်သည်။" နင် .....နင် ...Kim Jennie....
ဘယ်လိုလုပ်ရောက်လာတာလဲ ....
ခုနက တံခါးလာခေါက်တာ Omma ပါ"" ခေါ်ပြန်ပြီလား Kim Jennie လို့
မခေါ်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ"Jennie ထိုကဲ့သို့ပြောလိုက်ရင်း
မ နား တိုးသွားလိုက်သည်။မက လဲ အနောက်ကိုဆုတ်သွားရင်း ....
" နင် ....ဘာ ...ဘာလုပ်မလို့လဲ ..."
" နင်နမ်းသွားတဲ့ ငါ့ရဲ့ First kiss ပြန်လာယူတာ"
" နင်ရူးနေတာလား...အဲ့လိုမျိုး ဘယ်မှာရှိလို့လဲ
နေ့လည်ကလဲ လာနမ်းပြီးသွားပြီ
အဲ့ဒီ first kiss က နင်အရင်ငါ့ကို စနမ်းခဲ့တာလေ
ပြီးတော့ နင်နဲ့ငါ ပြတ်သွားပြီပဲ
ဘာလို့ အိမ်အထိရောက်လာတာလဲ "
YOU ARE READING
Hope Not (Completed)
Fanfictionအရမ်းမုန်းပေမဲ့လဲအရမ်းချစ်တယ် ... ဘာမှမတတ်နိုင်တဲ့ အရူးတစ်ယောက်လိုပဲ .. နင်က ငါ့အတွက်တော့ အိပ်မက်မဟုတ်တဲ့ နာကျင်မှုပဲ... . . . . #blackpink #blink #jensoo