( Sweet Memories)

4.1K 342 22
                                    

Unicode version


Hope Not

Episode - 15

" Chu....Saranghae...ချစ်တယ် ...
အရမ်းချစ်တယ်"

"Natoo....ချစ်တယ်"

မ ရဲ့ ချစ်တယ်ဆိုတဲ့ အသံတိုးတိုးလေးက
Jennie တစ်ကိုယ်လုံး ဓါတ်လိုက်သွားသလိုမျိုး
ထုံကျဉ်သွားတာကြောင့်...

မ ရဲ့ နှုတ်ခမ်းလေးတွေကို ထပ်ပြီး
ဖိကပ် နမ်းလိုက်မိသည် ....

Chu...Jennie ရဲ့ပါးလေးကိုဆွဲယူပြီး
သူ့ရဲ့ အနမ်းတွေကို တုံ့ပြန်ခဲ့လိုက်သည် ....

+ ချစ်တယ် အရမ်းချစ်တယ်တဲ့လား ....
သူ Chu ကို ဘယ်အချိန်ကတည်းက ချစ်နေခဲ့တာလဲ
ခဏ ခဏရှောင်ဖယ်ရှောင်ဖယ်လုပ်နေတဲ့သူက
Chu ကို ချစ်တယ်တဲ့လား ....
ဘာပဲဖြစ်ဖြစ်...Chu လဲ သူ့ကို
ချစ်မိနေခဲ့တာပဲ ... အခုတော့
နှစ်ယောက်လုံးရဲ့ အချစ်တွေကို ဝန်ခံပြီး
သိခွင့်ရပြီပေါ့ ....+

Chu....သူ့ရဲ့ အထိအတွေ့ အနမ်းတွေကြောင့်
ရင်တွေက ထိန်းမရအောင် ခုန်နေခဲ့သည်။
ဘယ်သူနဲ့မှ အခုလိုမျိုး တစ်ခါမှ
မထိတွေ့ဘူးတာကြောင့်လည်း ပါလေသည်။

ညနက်နေပြီဖြစ်တာကြောင့်
ဘာအသံမှ မကြားရတော့ပေမဲ့
Chu တို့ အခန်းလေးထဲမှာတော့
နှုတ်ခမ်းနှစ်ခု ထိကပ်ပြီး နမ်းနေတဲ့ အသံက
ခပ်တိုးတိုးလေးကြားနေရလေသည်။

Chu အပေါ်ကနေ အခုထိမဖယ်ပေးသေးပဲ
ဆက်တိုက်နမ်းနေသေးတဲ့ သူ ....
နှစ်ယောက်သား နမ်းတတ်လို့
အခုလိုမျိုးကြာနေတာလားဆိုတော့လဲ မဟုတ် ...
တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်ထိလိုက်
ငုံလိုက် နှင့် တစ်ယောက်တစ်လှည့်
ပြုလုပ်နေသည့်အခြေအနေမျိုး ....

Chu...သူ့ပါးပြင်ပေါ်ကျနေသည့် ဆံပင်လေးတွေကို
သပ်တင်ပေးလိုက်သည် ....
သူက အနမ်းတွေကို ရပ်လိုက်ပြီး ...

" Chuu ya...ခုနက
ချစ်တယ်လို့ပြန်ဖြေလိုက်တယ်မလား "

Chu...သူ့ကိုပြုံးကြည့်ရင်း ခေါင်းညိမ့်ပြတော့

" ဘယ်ကတည်းက ချစ်နေတာလဲ ငါ့ကို"

" မကြာသေးဘူး ...ဟိုတလောကမှ
ကိုယ့်ကိုကိုယ် သတိထားမိနေတာ...
နင်ကရော ငါ့ကို ဘယ်တုန်းကတည်းက
ချစ်နေတာလဲ"

Hope Not (Completed)Where stories live. Discover now