အပိုင်း -၁၀

Start from the beginning
                                    

"မယ်တော်မိဖုရား~ "

"……  "

"ဒီနေ့ရော ဘာလာလုပ်တာလဲ မင်းသမီးလေး~ "

"မယ်တော်မိဖုရားကို သတိရလို့ပါ မယ်တော်မိဖုရား အလုပ်တွေလုပ်နေတာလား?"

"အင်း~ မင်းသမီးလေးရဲ့ ခမည်းတော်က ခိုင်းထားလို့ ဒါတွေအပြီးလုပ်ပေးရဦးမယ်။"

လင်းယွီ၏အဖြေက မနူးညံ့သကဲ့သို့ ဂရုစိုက်မှုအနည်းငယ်လေးပင် မပျော်ဝင်နေ…။မင်းသမီးငယ်လေးကိုလည်း မကြည့်ရှု စာအုပ်တို့ကိုသာ စိုက်ကြည့်ရင်း အဖြေပြုနေခြင်း…။ လေးနှစ်အရွယ် မင်းသမီးငယ်လေးယွီဟွားကမူ ကြယ်ရောင်တဖျတ်ဖျတ်လတ်သည့် မျက်ဝန်းရွှန်းရွှန်းတို့ဖြင့် လင်းယွီကို မော့ငေးနေ၏။
သူမလေး၏ မယ်တော်မိဖုရားက အမြဲတစေ ဥပေက္ခာပြု လျစ်လျူရှုသော်ငြား မငြီးငွေ့သွားရသည့်အကြောင်းက အမြဲတစေ ရိုးအီသွားလေးမရှိသော အေးစက်စက် မယ်တော်မိဖုရား၏ အလှတရားကြောင့်ပင်……။ ယွီဟွား၏မွေးအမေသည်လည်း လှသည်။ သို့သော် မယ်တော်မိဖုရား၏အလှကို မမှီ…။
ကလေးပီပီ အလှကြိုက်တတ်သည့် ယွီဟွားမင်းသမီးလေးသည် ကြွေရုပ်လေးအတိုင်း အမြဲတစေ အေးစက်လှပနေသည့် မယ်တော်မိဖုရားအား သူမမည်သို့လျစ်လျူရှုပါစေ။ အမြဲတစေ သဘောကျနှစ်ခြိုက်စွာ လာရောက်ကြည့်ရှုမြဲပါပေ။

"မင်းသမီးလေး… မင်းသမီးလေးရဲ့ မွေးမိခင် ယွီဖေးကခေါ်ခိုင်းလိုက်ပါတယ်။ "

"မလာချင်သေးဘူး။ မယ်တော်မိဖုရားနဲ့ နေချင်သေးတယ်"

"မင်းသမီးလေး မနက်ဖြန်ဒါမှမဟုတ် နောက်ရက်မှလာပါလား? ဒီမယ်တော်က အခုအလုပ်များနေတာမို့ပါ။ "

လင်းယွီ၏အပြောကြောင့် မင်းသမီးလေးယွီဟွားက ငိုမဲ့မဲ့ဖြစ်သွားရသော်ငြား မနက်ဖြန်ဟူသောစကားလုံး၌ မျက်လုံးအရောင်လေးများ တောက်ပလျက်…။ အထိန်းတော်လာပြန်ခေါ်သည်ကို လိုက်သွားသည်ကိုပင် မနက်ဖြန်လာမှာနော်ဟု ကြိုတင်ချိန်းဆိုချက်က ယူနေသေးလေ၏။ လင်းယွီကမူ ထိုကလေးမကြောင့် ခေါင်းသာယမ်းမိရသည်။ ကိုယ်၌ကိုယ်က ကလေးမချစ် ကလေးလည်းမရှိသော်ငြား ခင်ပွန်းသည်ဘုရင်၏ ကလေးကို ထိန်းကျောင်းရမည့် လင်းယွီ၏ကံဇာတာကိုသာ အပြစ်ဖို့မိကာ ပြုလက်စအလုပ်တို့ကိုသာ ဆက်ပြုရန် အာရုံစိုက်မိလေ၏။

Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)Where stories live. Discover now