အပိုင်း -၁၃

Bắt đầu từ đầu
                                    

ဟန်ကျင်းရှန်းသည်ကား သူရူးတစ်ယောက်ပမာ ရှာဖွေရန်ပြုသော်ငြား လက်အောက်ငယ်သား စစ်သူကြီးတွေက ခွင့်မပြုကြ...။ တဲစခန်းသို့သာ ပြန်လည်ပို့ဆောင်ပေးရင်း ဧကရီအား ရအောင်ရှာဖွေပါမည်ဟု ကတိကဝတ်ခံကြ၏။ ရေမြေ့သခင်စံရာ တဲအတွင်း ပုလ္လင်တော်ထက်၌ ငူငိုင်ငိုင်ထိုင်မိသည့်ခဏ စိတ်မကောင်းဖြစ်ဟန်မျက်နှထားဖြင့် ရောက်ရှိကာ အားပေးနှစ်သိမ့်လေသည့် စုယွင့်ကိုပင် ဂရုမမူမိချေ။ ထိုအခိုက် စစ်သူကြီးရွှီဖုန်းက ဟန်ကျင်းရှန်းေ့ရှမှောက် ဒူးထောက်အရိုသေအပြုကာ သတင်းပို့လာ၏။

"အရှင်မင်းကြီး~ "

"အခြေအနေဘယ်လိုရှိလဲ?"

"မယ်မယ့်ရဲ့လေးတံတွေ့ရှိရာ နေရာက ချောက်ကမ်းပါးဖြစ်တဲ့အပြင် ခြေရာတွေလည်း အများကြီးတွေ့ပါတယ်။ ဒါ့အပြင် အလောင်းတွေမရှိပေမယ့် သွေးတွေအများကြီးတွေ့ထားပါတယ်... အရှင်မင်းကြီး ဒီငယ်သားရဲ့အမြင်မှာတော့ မယ်မယ်က......"

"လုပ်ကြံခံရတာမလား? "

ဟန်ကျင်းရှန်း၏အေးစက်စက်လေသံအဆုံး အနီးအနားမှ နှိပ်နယ်ပြုစုပေးနေသည့် ချီရှန်းဖေးက ခဏတာတုံ့ဆိုင်းသွားရသည်။ သို့သော် သူမ၏ ဧကရီအပေါ်စိုးရိမ်ဟန် ရတတ်မအေးသည့်မျက်နှာမူသွင်ကိုမူ ထိန်းသိမ်းထားနိုင်ဆဲ...။ ထို့နောက် ချန်းရွှီဖုန်းမည်သို့မျှ စကားမဆိုနိုင်သေးခင်၌ ဟန်ကျင်းရှန်းက အလျင်စကားဆိုလာ၏။

"မတွေ့တွေ့အောင်ရှာ ရှင်ရင်လူကိုတွေ့ရမယ်။ သေရင်...... အလောင်းကိုတွေ့ရမယ်။ "

"အမိန့်တော်အတိုင်းပါ။ "

"ခဏ! ဧကရီဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့အဲ့ကိစ္စကို သေချာဖော်ထုတ်နိုင်ရမယ်။ အဲ့ဒီလုပ်ကြံသူတွေရဲ့ ခြေရာလက်ရာတော့ ကျန်ခဲ့မှာပဲ။ ရာရာစစ ကိုယ်တော့်ရဲ့ဧကရီကို ထိပါးရဲတဲ့ သူကို ရှာတွေ့ခဲ့ရင်...... ချက်ချင်းအပြစ်ဒဏ်ပေးမယ်။ "

"မှန်လှပါ အရှင်မင်းကြီး"

ဟန်ကျင်းရှန်း၏ဒေါသတို့ ထိန်းချုပ်ထားရဟန်ကို မြင်သည့်အခါ အံ့အားသင့်သွားရသည်က ချီစုယွင့်~
သူမငယ်စဉ်တောင်ကျေးကတည်းက အရှင်မင်းမြတ်ဟူသည့် ထိုလူသား၏ဣတ္ထိယတို့နှင့် ပတ်သတ်သောဒေါသကို တစ်ခေါက်တစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိခဲ့။
စိတ်ခံစားချက်အရာရာကို ထိန်းချုပ်နိုင်စွမ်းသည့် ဧကရာဇ်က ယခုအခါ သူအလွန်မုန်းသည့်ဧကရီ၏ သေဆုံးခြင်းကိုမှ ဒေါသပွေနေသည်တဲ့လား
ချီစုယွင့်၏အတွေးနက်နက်တို့ ဖြန့်ကြက်ရင်း ဘေးတစောင်းမြင်ရသော ရေမြေ့သခင်၏မျက်နှာကို စူးစိုက်ကြည့်ကာ မကျေမချမ်းဖြစ်မိလေတော့၏။




Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ