အခန်း(၉၈)

1.3K 189 6
                                    

ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၉၈ )
နဂါးလိုဆင်လို အဏ္ဏဝါကျမ်း

လက်ရွေးစင်တိုက်ပွဲများကြောင့် ဖက်တီးကျန်းကြီးအပေါ် ဂိုဏ်းချုပ်အပါအဝင်လူအများက အာရုံစိုက်လာကြလေသည်။

"စိတ်ရဲ့စွမ်းအား..." ဖက်တီးကျန်းက လေးလေးနက်နက်ဆိုသည်။ အခြားဂိုဏ်းချုပ်များ အံ့အားသင့်သွားပြီး မျက်လုံးများအရောင်လက်သွားကြသည်။

ရွှီမေ့ရှန်းသည် လုထျန်းလဲ့၏ဒဏ်ရာများကိုကုသရန် အဝေးသို့ထွက်သွားလေပြီ။ အကယ်၍သူမသာရှိနေသေးပါက သူမတပည့်၏အကြောင်းများကိုမယုံနိုင်ဖြစ်နေပေလိမ့်မည်။

ကျေနပ်အားရမှုအပြည့်မျက်နှာထားဖြင့် ဂိုဏ်းချုပ်က "ဂိုဏ်းတူညီမရွှီမေ့ရှန်းက ဒီလူဝကလေးကို လူရှေ့ထုတ်ပြခဲတယ်ကွ...။ အခုတော့ ဒီကလေးရဲ့ရှေ့ရေးဟာ ရှင်းရှင်းလင်းလင်းမြင်နေရပါပြီ။ သူ့ရဲ့စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့ကျင့်စဥ်တွေဟာ သူ့ရဲ့စိတ်စွမ်းအားကိုအဆင့်မြင့်လာစေတယ်...။ ဒီလိုသန်မာတဲ့စိတ်ဓာတ်နဲ့ဆိုရင် သေသေချာချာ ကောင်းကောင်းမွန်မွန်လေ့ကျင့်ပေးရမယ့်ကလေးမျိုးပဲ...။"

မြစိမ်းတောင်၏ဂိုဏ်းချုပ်သည် အနည်းငယ်ပြုံးလိုက်ကာ "ခင်ဗျားကအခုတော့ ဒီလိုပြောလာပြီပေါ့...။ သူ့နဲ့အတူစားဖိုဆောင်ကရောက်လာတဲ့ မိန်းကလေးကျင်းရုံကလဲ တော်တော်အံ့အားသင့်ဖွယ်ပဲဗျ...။ ထျန်းယုံကိုတော့မမီသေးဘူးပေါ့ဗျာ...။ ဒါပေမယ့် ဒီကလေးမမှာလည်းရည်မှန်းချက်တွေရှိသကိုး...။ သူမက မြစိမ်းတောင်ရဲ့အကာအကွယ်ဓားနဲ့ တနည်းနည်းဆက်နွယ်နေလိမ့်မယ်လို့ ကျုပ်တော့ထင်မိတယ်...။ အခုတော့ကျင်းရုံက မြစိမ်းတောင် ဂူထဲမှာကျင့်ကြံနေလေရဲ့...။ အခြေအနေကောင်းရင်တော့ မြစိမ်းတောင်မှာနောက်ထပ် ဝိညာဥ်ဓားကိုစောင့်ရှောက်သူတယောက်ပေါ်ထွက်လာတော့မှာပဲဗျို့...။" ဟုအာဘောင်အာရင်းသန်သန်ပြောနေလေ၏။

တောင်ဘက်ဂိုဏ်းသားများ လှုပ်လှုပ်ရွရွဖြစ်နေကြစဥ် မြောက်ဘက်ဂိုဏ်းသားများ ငြိမ်သက်စွာထိုင်နေကြလေသည်။ ထိုစဥ် ဂိုဏ်းခေါင်းဆောင်က ရလဒ်များကိုတရားဝင်ကြေငြာလေသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now