အခန်း(၃၅)

Start from the beginning
                                    

"ဂိုဏ်းတူအစ်ကိုပိုင်။ အစ်ကို အိမ်ထဲရှိလားဗျ။" လူရှိမရှိ မေးသံတစ်သံထွက်လာသည်။

ထိုအသံကို ရင်းနှီးနေသောပိုင်ရှောင်ချန်းက မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။ သူ့ဆီလာလည်သော လူများက မရှိသလောက်နည်းသည်မဟုတ်ပါလော။ သူ၏လက်ချောင်းကို တံခါးဆီသို့ ဝှေ့ယမ်းလိုက်သောအခါ တံခါးမှာပွင့်သွားပြီး ပိန်လှီသော လူငယ်တစ်ယောက်ပေါ်လာသည်။

သူက အပြင်စည်းဂိုဏ်းသားတစ်ယောက်၏ အဝတ်အစားကိုဝတ်ဆင်ထားသည်။ သူကအလွန်တည်ကြည်သောအမူအရာဖြင့် လက်ယှက်ကာ ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။

" ရွှီပေါက်ချိုင် နှုတ်ခွန်းဆက်သပါတယ်။ ဂိုဏ်းတူအစ်ကိုပိုင်။" ရွှီပေါက်ချိုင်က ချိုသာစွာ နှုတ်ဆက်လိုက်သည်။

" မင်းဒီကို ဘာလာလုပ်တာလဲကွ။" ပိုင်ရှောင်ချန်းက တအံ့တသြမေးလိုက်သည်။သူ့ရှေ့ရှိလူငယ်လေးမှာ သူစားဖိုဆောင်မှာနေခဲ့ချိန် ချီစုစည်းမှုအဆင့်သုံးသာရှိခဲ့စဉ်က တိုက်ခိုက်ခဲ့သော ရွှီပေါက်ချိုင်ပင်ဖြစ်သည်။ ရွှီပေါက်ချိုင်မှာ ယခုဆို အပြင်စည်းဂိုဏ်းသားဖြစ်နေပြီဖြစ်သည်။

ရွှီပေါက်ချိုင်က ချီစုစည်းမှုအဆင့်သုံးတွင်သာရှိသေးကြောင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အသက်ရှူချောင်သွားသည်။ ခက်ထန်သောမျက်နှာအမူအရာဖြင့် သူက မေးခွန်းထုတ်လိုက်လေသည်။

" ဘာလဲ မင်းက အပြင်စည်းဂိုဏ်းသားဖြစ်သွားပြီဆိုတော့ အတိတ်ကဟာတွေကို သင်ပုန်းမချေချင်တော့ဘူးပေါ့ ဟုတ်လား။ ငါနဲ့ထပ်ချချင်သေးတာလားကွ။"

ရွှီပေါက်ချိုင်က ချက်ချင်းပင် ခေါင်းခါလိုက်သည်။ သူ့မျက်နှာတွင်ခြောက်ကပ်ကပ်အပြုံးတစ်ခုပေါ်လာပြီး သူ ကပိုင်ရှောင်ချန်းကို နောက်တစ်ခေါက် ဦးညွှတ်လိုက်တော့သည်။

" အဲ့အရင်တုံးက ကျွန်တော်က မိုက်မဲပြီး မသိတတ်ခဲ့လို့ပါဗျ။ ကျွန်တော့်ကို ဗွေမယူပါနဲ့။ ဂိုဏ်းတူအစ်ကိုပိုင်။ ကျွန်တော်ဒီနေ့လာတာက ဖြစ်ပျက်ခဲ့တာတွေအတွက် တောင်းပန်ချင်လို့ပါ။ အဲ့အရာတွေကို မေ့လိုက်ရအောင်လားဗျာ။" ရွှီပေါက်ချိုင်ကမူ အတိတ်ကို အတိတ်မှာအကုန်ထားခဲ့လိုသော လေသံဖြင့် တောင်းပန်လိုက်သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now