Extra : Kaki's First Trip (Final)

28.7K 2.4K 28
                                    

(Unicode)

သားသား မျက်လုံးဖွင့်တော့ အမှောင်ရိပ်နည်းနည်းကျနေပါပြီ။ လက်တုတ်တုတ်လေးမှာတော့ spider man ပုံနဲ့ နာရီလေးက ပတ်ထားလျက်သားလေး။

ကြည့်လိုက်တော့ 4PM တဲ့။ ပါးပါးက အချိန်ပြောင်းထားပေးတယ်ဟုပြောသောကြောင့်.. ဒါသေချာပါသည် ညနေလေးနာရီ။ တည်သီးလေး အိပ်ယာကနေထလိုက်ပါသည်။ ဗိုက်ဆာနေပြီ။ ပါးပါးတို့က တည်သီးလေးကို မုန့်လည်းမကျွေးပါ။

ဘေးကုတင်ကိုလှမ်းကြည့်လိုက်တော့ ..အားရားရား။ ဒီလောက်အေးနေသည့် အချိန်ကြီးကို ပါးပါးနှင့်ဖေဖေက အင်္ကျီချွတ်တွေနှင့်။ စောင်တော့ခြုံထားသေးသည်၊ အေးလို့ဖြစ်မည်။

တည်သီးလေး ကုတင်ဆီလျှောက်သွားတော့ တက်နင်းမိသည်က ဘောင်းဘီတွေ .. အားရိုးရိုး။ ပါးပါး အိတ်ထဲက ဘောင်းဘီတွေထွက်ကုန်ပြီထင်သည်။

"ပါးပါး၊ ဖေဖေ"

လှုပ်နှိုးတော့လည်း ပါးပါးရော ဖေဖေရော ချွေးတွေနှင့်။ တည်သီးလေးတို့လို ပတ်များပြေးရင်း ဆော့ထားကြလားမသိပါ။ သိသည်က တည်သီးလေးဗိုက်ဆာနေပါပြီ။

"ဖေရေ၊ ပါးပါးရေ"

လူးလူးလွန့်လွန့်နိုးလာတာက ဖေဖေ.

"ဖေဖေ သားသား ဗိုက်ဆာလို့"

ခန့်တည် အိပ်ယာပေါ်က မြန်မြန်ဆင်းဖို့လုပ်ပေမယ့် အဝတ်မကပ်နေသည့် ကိုယ့်ကိုယ်ကို အရင်သတိထားမိလိုက်သည်။

"ဪ ဟုတ်ပြီ၊ ဖေ့သားကို အောက်မှာ မုန့်လိုက်ကျွေးမယ်၊ ခုအိပ်ယာထထားတာဆိုတော့ ဘာလုပ်ရမလဲ တည်သီးလေး"

"သွားတိုက်ရပါမယ်"

"ဟုတ်ပြီ သွားသွားတိုက်၊ ပါးပါးက သွားပွတ်တံတွေထုတ်ထားပေးတယ်"

တည်သီးလေး လုံးတုံးလုံးတုံးနှင့် ရေချိုးခန်းထဲဝင်မှ ခန့်တည်ဘောင်းဘီစွတ်ရပါသည်။

ဒုက္ခပဲ သားကိုအပြင်အရင်မျှားရမည်။ အစ်ကိုလည်း င်္အကျီဝတ်ရဦးမည်လေ။

                           ~~~~~~~

Hotel ၏ စားသောက်ဆိုင် တစ်ခု၌ သားအတွက် chocolate cake နှင့် နို့တစ်ခွက် မှာကျွေးနေရသည့် ခန့်တည်ကို တွေ့ရတော့ Jey ရှက်ကြောဖြာလာပြန်သည်။

Rhyme Made Of Love (Completed)Where stories live. Discover now