Chapter - 24

45.2K 3.5K 14
                                    

(Unicode)

ခန့်တည်၏ကမ္ဘာတစ်ခြမ်းသည် မမသေဆုံးသောအခါတွင် ပျက်ဆီးပြီး နောက်တစ်ခြမ်းက အစ်ကိုအရေးပေါ်ခန်းထဲရောက်သည့်အခါတွင် ပြိုကျသည်။

သူ၏အမှား။
သူလုပ်လို့သာ အစ်ကိုဒီလိုဖြစ်ရတာ။

သူ့နည်းတူ ယူကြုံးမရ ဝမ်းနည်းနေရသူများ တစ်နည်း အစ်ကိုချမ်းစစ်နှင့် အစ်ကို Louis မှာလည်း သူတို့ပယောဂမကင်း၍ မျက်နှာ မကောင်းကြ။ အစ်ကိုမင်းညီကလည်း တောက်တခေါက်ခေါက်နှင့် အစ်ကိုအာကာဝင်ဆွဲလို့သာ အစ်ကိုချမ်းစစ်တို့အတွဲ ခံသာနေခြင်းသာ။

ရှင်းသန့်ကတော့ အစာအိမ်ဌာနကမို့ ဘာမျှမကူညီနိုင်။ ခန့်တည်နားသာ ထိုင်ကာ ဆရာဝန်ထွက်အလာကို စောင့်ပေးနေသည်။ မေမေနှင့် အန်တီနွေးကိုတော့ သိပ်စိတ်မပူရန် မနက်မှလိုက်လာရန် မှာခဲ့ရသည်။ လူကြီးများ စိတ်ပူလျှင် မကောင်းတာက တစ်ပိုင်း။ အဘယ်ကြောင့် အစ်ကို ဤသို့ဖြစ်သွားသည်ကို မသိစေချင်သည်က တစ်ဝက်။

ထို့နောက် ဆရာဝန်ကြီးက ထွက်လာကာ ရှင်းသန့်ကို ခေါ်၍ ဆွေးနွေးခန်းထဲဝင်သွားသည်။ ထွက်မလာသေးသော အစ်ကို့ကိုမျှော်ကြည့်ရင်း ရလဒ်ကိုစောင့်ရတာ စိတ်မရှည်လှ။

သတိလစ်သွားရုံမျှသာမလား။ နောက်နေ့ကျ ခွဲစိတ်ပြီး ရေအိတ်ကို ဖယ်ရှားနိုင်လျှင် သက်သာမှာမလား။ လားပေါင်းများစွာသော မျှော်လင့်ချက်တို့က ကျွန်တော့်ခေါင်းထဲမှ ကောက်ရိုးမျှင်များသာ။

"ခန့်တည် ခဏ စကားပြောရအောင်"

ရှင်းသန့်က အခန်းထဲမှ ထွက်လာကာ သူ့အား လှမ်းခေါ်သည်။ စောင့်နေသည်က အစ်ကို့ကို၊ အရင်သိရမှာက အစ်ကို့အခြေအနေ။ အစ်ကိုနှင့် သက်ဆိုင်နေသည်ပဲ။ သူ ဘာအထွန့်တက်ပိုင်ခွင့်ရှိမလဲ။

~~~~~~~~

"အစ်ကိုက အခုတော့ သတိမေ့ဆဲ အခြေအနေပဲ၊ sexed patient ဖြစ်နေတော့ ပိုပြီး အားကုန်နေတာလဲ ပါတယ်၊ ဆရာဝန်ကြီးကတော့ မင်းကို တိုက်ရိုက်မပြောတာ၊ အခု အစ်ကိုသတိရလာရင် တစ်ခါထဲ ခွဲစိတ်ခန်းဝင်ရမယ်၊ အစ်ကိုက သွေးမတိတ်တဲ့ရောဂါပါရှိတော့ ပိုပြီး အရေးကြီးတယ်၊ မင်းအစ်ကိုသတိရလာရင်တော့ ခွဲစိတ်ဖို့လက်မှတ်ထိုးလိုက်တော့"

Rhyme Made Of Love (Completed)Where stories live. Discover now