Extra : Kaki's First Trip (1)

Start from the beginning
                                    

"Peach က မက်မွန်သီးတဲ့၊ မက်မွန်သီးဆိုတာ သားသားတို့ ဖင်တုံးလေးနဲ့ တူတယ်သိလား ဖေဖေ"

ခန့်တည်မရယ်ပဲလမနေနိုင်တော့ပါ။ သားသားက သိပ်စကားတတ်သည်။

"ဟုတ်ပါပြီ Kaki ရယ် ရပြီလား"

"ဟုတ်ဘူး၊ ခု ဒီမှာရှိရင် တည်သီးလေးလို့ပဲခေါ်၊ ဟိုးကိုရောက်ရင် Kaki လို့ခေါ်"

"ဘယ်က ဟိုးတုန်း"

"ညကျ ပါးပါးနဲ့သွားမယ့် ဟိုးလေ"

"ဪ တည်သီးရယ်၊ ဟုတ်ပြီ ဖေ့သားကို ဟိုးရောက်ရင် Kaki လို့ခေါ်မယ် ဟုတ်ပြီလား"

သားက စကားဆုံးတော့ စုတ်လုံးငုံပြီး ဟိုဘက်လှည့်သွားသည်။ အိမ်ရှေ့လမ်းရောက်မှ စကားပြောတာရပ်သော သာလိကာငယ်လေး။

"တည်သီးလေး သား  စုတ်လုံးအခုမှစုတ်ရလား ဝယ်ကျွေးလာတာ စထွက်ကတည်းကကို၊ ခုထွေးထုတ်၊ သားပါးပါးမြင်ရင် ဖေပါ ဆူခံထိမှာ"

ရှေ့သွားနှစ်ချောင်းကို လေဝင်ပေါက်ဖောက်ထားသော သားသားက ဟီးကနဲ ရယ်ပြရှာသည်။

ဒုက္ခပါပဲ။

~~~~~~~

အိမ်ရောက်တော့ တွေ့လိုက်ရသည်က အမေပြောသည့် အမောပြေလေး။ အိတ်နှစ်လုံးနှင့် အလုပ်ရှုပ်နေသော အစ်ကို့ကို ပြန်ရောက်ကြောင်း သံတော်ဦးတင်ရပါသေးသည်။

"အစ်ကို ကျွန်တော် ပြန်ရောက်ပြီ၊ သားပါဝင်ကြိုခဲ့တယ်"

"အင်း၊ အိတ်တွေထည့်လိုက်ပြီ Flight က ကိုးနာရီဆိုတော့ မမှီမှာစိုးလို့"

"အကိုကလည်းဗျာ၊ ကျွန်တော်ပြန်ရောက်လည်းမှီပါတယ် ခုမှ လေးခွဲပဲရှိသေးတာကို"

"ညစာစားတာနဲ့ အမေတို့ကို ကန်တော့တာနဲ့ နောက်ကျမှာစိုးလို့၊ သားကို ရေချိုးပေးလိုက်တော့မယ်၊  ခန့်တည်လည်းရေချိုးတော့"

Jey ထထွက်မယ်လုပ်တော့ လက်ကနေဆွဲပြီးနောက်ကနေ သိုင်းဖက်လိုက်တဲ့ ခန့်တည်။

"ဒီနေ့အတွက် ချစ်တယ်မပြောရသေးဘူး"

"လွှတ်ဦး သားရှိတယ်"

ဂုတ်ပိုးစပ်နားကို ဖွဖွလေးနမ်းရင်း တိုးတိုးလေး မြွက်ဟမိသည်က ..

Rhyme Made Of Love (Completed)Where stories live. Discover now