ကျွန်တော် ခြေသံတို့ကို အတတ်နိုင်ဆုံး ဖော့နင်းပြီး မီးထုတ်တစ်ဖက် ဓားတိုလေးတစ်ဖက်ကိုင်ကာ ဂူထဲကို သတိနဲ့ ဝင်လာတယ်! ဂူက သိပ်မကျယ်လွန်း မကျဉ်းလွန်း ဂူထဲမှာ တိရစ္ဆာန် တစ်ကောင်ကောင်နေထိုင်တယ်ဆိုတဲ့ အရိပ်အရောင် မတွေ့ရ! အကောင်တစ်ကောင် ကောင်သာ နေထိုင်ရင် အနည်းဆုံး သူ့စားကျွင်းစားကျန်တော့ရှိမှာပဲလို့ ကျွန်တော် ယူဆမိတယ်!
ဂူထဲလှည့်ပတ်ကြည့်ရင်း တညတာဒီမှာပဲခိုနားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်!
တောအုပ်ရဲ့ ညဟာ စိမ့်နေအောင်အေးခဲလွန်းတယ်! ဂူလေးထဲမှာ ကျွန်တော်ဖိုထားတဲ့ မီးဖိုက အလင်းရောင်ဟာ ဂူနံရံကို ရောင်ပြန်ဟတ်နေသည်!
ညဉ့်ပိုးကောင်တို့အသံ .....
တချက်ချက် ခပ်ကြမ်းကြမ်းတိုက်ခတ်တဲ့လေကြောင့် သစ်ပင်တို့ ကိုင်းချင်း ပွတ်တိုက်သံ.....
ရှေ့က မီးဖိုလေးဆီက တဖျစ်ဖျစ် မြည်သံ ကလွဲလို့ တောအုပ်ဟာ တိတ်ဆိတ်နေသည်!
အချမ်းဒဏ်ကြောင့် ကျွန်တော် မီးပုံနား ပိုတိုးကပ်လိုက်တယ်!
Kokonoe samaရော အခုချိန် အလုံပိတ်ဂူထဲမှာ ဘာလုပ်နေမလည်း ကျွန်တော်တွေးကြည့်ရင်း မျက်ခွံတွေ လေးပင်လာတယ်! တနေ့လုံးပင်ပန်းထားတဲ့ ဒဏ်ကြောင့် ကျွန်တော် တခဏအတွင်း အိပ်မောကျသွားသည်!
__________ Unbreakable __________
"ကံမကောင်းဘူး ကြက်ကလေး ငှက်ကလေးပဲ ဖမ်းစားနေရတာ ဘဝက ဆိုးတယ်"
ညအချိန်မှာ ဒီတောအုပ်တဝိုက်မှာ အပိုင်စားကျင်လည်ကျက်စားတဲ့ Okami ဟာ စိတ်ပျက်လက်ပျက်ရေရွတ်ရင်း အိပ်စက်အနားယူဖို့ ဂူဆီကို ပြန်လာတယ်! Okami ရဲ့ သားမွှေးဝတ်ရုံဖားဖားဟာ လရောင်အောက်မှာ တဖိတ်ဖိတ်လက်နေတယ်!
ဂူနားအရောက် မြင်ရတဲ့ အလင်းရောင်.....
အဲ့ဒီ့နောက် အနံ့......
"လူနံ့?"
Okami ဂူနားကို အသာအယာတိုးကပ်လာတယ်! သူ့ခေါင်းပေါ်က အညိုပွပွ ဆံပင်တွေကြားက နားရွက်ချွန်ချွန်တွေက တဖျတ်ဖျတ်ခတ်နေလေသည်!
နှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်ရင်း ဂူထဲအသာလှမ်းကြည့်လိုက်တယ်!
"ဘယ်ကလူသားက ငါဂူထဲ ပိုင်စိုးပိုင်နင်းလာအိပ်နေတုန်း?"
မီးဖိုလေးဘေးမှာ Iori က ကွေးကွေးလေး အိပ်မောကျနေသည်!
"အဟက် အစားအစာ က တကယ်ခြေထောက်ပေါက်ပြီးရောက်လာတာပဲ ငိဟိ"
Okami ရဲ့ မျက်နှာက ဝင်းလက်တောက်ပနေသည်!
"အို... အသင်လူသား သင့်အသက်ကို စတေးချင်းဖြင့် ကျွနု်ပ် အင်အားကို ဖြစ်စေသော်"
Okami က အင်မတန်ကျေနပ်ဝင်းပနေတဲ့ အပြုံးမျက်နှာနဲ့ ဟန်ပါပါဆုတောင်းနေတယ်!
အိပ်ပျော်နေတဲ့ Iori ရဲ့ ဖြူဝင်းတဲ့ လည်တိုင်လေးဆီက သွေးကြောစိမ်းစိမ်းလေးတွေက Okami ကို သရေကျလာစေသည်!
"အဟက်ဟက် ဟက် ..... ချိုမယ့်ပုံပဲ.....အရသာရှိမယ့်ပုံပဲ....."
Okami က Iori လည်တိုင်ဖြူဖြူလေးဆီ သူ့ရဲ့ အစွယ်တွေနဲ့ ငုံခဲလိုက်လေသည်!
TBC
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
Chapter 12
Start from the beginning
