လျိုအောက်ခြေရောက်ဖို့ သိပ်မနက်ပေမယ့် ပြုတ်ကျတဲ့အရှိန်ကြောင့် ခါးတော်တော်နာသွားတယ်!
"ကျွတ် ကျွတ် ကျွတ်"
ကျွန်တော်နာသွားတဲ့ ခါးကို ကိုင်ရင်း ဘေးဘီကို ဝေ့ကြည့်မိတယ်! လုံးဝမပျောက်သေးတဲ့ အလင်းရောင်အောက်မှာ မြင်ရတာ ခြုံပုတ်တွေ ကျောက်တုံးတွေ သစ်ပင်ကြီးတချို့ကလွဲလို့ ဘာမှ သိပ်ထူးထူးခြားခြားမရှိပေ!
ကျွန်တော် အိတ်ထဲက သံလိုက်အိမ်မြှောင်ကို ထုတ်ကြည့်လိုက်တယ်!
"ဟင် ? ဘယ်လိုဖြစ်?"
သံလိုက်အိမ်မြှောင် လက်တံဟာ မြောက်ဖက်ကို ညွှန်ပြမနေပဲ ချာချာလည်နေသည်!
"ပျက်.....ပျက်သွားတာလား?"
နေရောင်ခြည်ဟာ ဆွဲချလိုက်သလို ကွယ်ပျောက်သွားပြီး အမှောင်ထုဟာ တောအုပ်အတွင်း တဖြည်းဖြည်းဖုံးအုပ်လို့လာတယ်!
"မဖြစ်ဖူး အကာအကွယ်ရမယ့်နေစရာမျိုးတော့ မြန်မြန်ရှာမှဖြစ်မယ်"
တောအုပ်အတွင်း ညအချိန် ဘယ်နေရာကမှ မလုံခြုံနိုင်ပေမယ့် တတ်နိုင်သလောက်တော့ သားရဲ တိရစ္ဆာန် ရန်က ကာကွယ်နိုင်မယ့်နေရာမျိုးတော့ရှာမှဖြစ်မည်!
ကျွန်တော် ကုန်းရုန်းထရင်း လျိုထဲ ခပ်သွက်သွက်လျှောက်ကြည့်လိုက်တယ် ! တနေရာအရောက် ခြုံတွေအကွယ်မှာ ဂူတစ်ခုကိုတွေ့ရသည်!
"ဒီနေရာဆိုရင်တော့ အဆင်ပြေမလားပဲ? ဂူထဲမှာ တစ်ခုခုများရှိနေမလား?"
ကျွန်တော် အစီအစဉ်အတိုင်း အနီးက သစ်ကိုင်းခြောက်တွေ စုလိုက်တယ် ! ပြီးတော့ သစ်ကိုင်းခြောက်တစ်ခုထိပ်မှာ အဝတ်စကို ပတ်ချည် ယူလာတဲ့ အိတ်ထဲက ဆီအနည်းငယ် ဆွတ်ပြီး မီးညှိလိုက်တယ်!
မီးတိုင်ကို ကိုင်ရင်း ဂူဝကနေ ဂူထဲကို မြင်နိုင်စွမ်းသမျှ ဝေ့ကြည့်လိုက်သည်! ဂူထဲမှာ အစပိုင်းတော့ ရှင်းလင်း၏! လက်ထဲက ကျောက်တုံးနဲ့ ဂူထဲကို ပစ်ပေါက်ကြည့်လိုက်တယ်! ဂူနံရံနဲ့ ကျောက်တုံး ထိခတ်သံရဲ့နောက်တွင် ဂူထဲမှာ အသံတို့ ပြန်လည်တိတ်ဆိတ်လို့သွားသည်!
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
Chapter 12
Start from the beginning
