11

1.2K 126 40
                                    

"အရင်တုန်းက Wu Yi Fan က မင်းကို ဒီအလုပ်နဲ့ပတ်သက်ပြီး ခွင့်ပြုထားရင်တောင် ငါကတော့ ငါလက်ထပ်ထားတဲ့ ယောက်ျားတစ်ယောက်ကို တွေ့ရာလူနဲ့ ဖက်လိုက် နမ်းလိုက် လုပ်နေရမယ့် အလုပ်မျိုး ခွင့်မပြုနိုင်ဘူး..."

မနက်ဖြန်အတွက် Dialogue တွေ ဖတ်နေတဲ့ Jongin လက်ထဲက စာရွက်ကို Sehun ဆွဲယူပြီး စုတ်ဖြဲလိုက်သည်။

"Sehun... မင်း... ဒါဘာလုပ်တာလဲ... "

တစစီ သူ့ခြေဖဝါးအောက်မှာ ပျံ့ကျဲသွားတဲ့ စာရွက်အပိုင်းအစတွေကို Jongin ကြေကွဲစွာကြည့်ပြီး ပြောလိုက်သည်။

" မြင်တဲ့အတိုင်းပဲ... ထပ်ပြောလိုက်မယ်နော် Kim Jongin... မင်းရဲ့ idol ဆိုတဲ့ ဘဝကြီးကို အခုကစပြီး မြေမြုပ်လိုက်တော့... "

" Sehun... ဒါက... "

" မင်းရဲ့အ​ကြောင်းပြချက်တွေ ငါ နားမထောင်ချင်ဘူး... ထမင်းစားဖို့ အောက်ဆင်းလာခဲ့..."

စေ့ပိတ်သွားတဲ့ တံခါးချပ်နှင့်အတူ Sehun ထွက်သွားပြီဆိုတော့မှ Jongin စိတ်ပျက်စွာ ထိုင်ချလိုက်သည်။

ဆင်းမလာရင် ကြာတယ်ဆိုပြီး အပြောခံရမှာစိုးလို့ အောက်ထပ်ကိုဆင်းလာရပေမယ့် ထမင်းစားဖို့က လုံးဝစိတ်မပါ...။

စားပွဲဝိုင်း ဝင်ထိုင်လိုက်တာနဲ့ ခုနက ကိစ္စနဲ့ပတ်သက်ပြီး Sehunနဲ့ ဘယ်လိုဆက်ညှိရမလဲသာ Jongin တွေးနေမိသည်။

လက်ထပ်တာ အခုမှ တစ်ပတ်တောင် မပြည့်သေးတာမလို့ ပြဿနာတွေ မတက်စေချင်...။ Hyung လည်း ရှိနေတာကြောင့် ပိုဆင်ခြင်နေရသည်။

" ငါ ဒီအလုပ်ကလွဲရင် ကျန်တာ ဘာမှ မလုပ်တတ်ဘူး... ပြီးတော့..."

Jongin စကားမဆက်ရသေးမီ Sehun လက်ထဲက တူကို ပစ်ချလိုက်တာကြောင့် ရပ်လိုက်ရသည်။

" အာ့ဆို ဘာမလုပ်ပဲနေလေ..."

"Hyung လက်ခံမှာ မဟုတ်..."

"သူ လက်မခံတာ ငါ စိတ်မဝင်စားဘူး... မင်း လက်ခံ ဖို့ပဲ စိတ်ဝင်စားတယ်..."

ပြောပြီးတာနဲ့ ထမင်းဆက်မစားပဲ ထသွားတဲ့ Sehunကို ကြည့်ကာ Jongin ရင်လေးစွာ သက်ပြင်းချလိုက်သည်။ သူကိုယ်တိုင်လည်း ထပ်မစားဖြစ်တော့...။

You've reached the end of published parts.

⏰ Last updated: Jan 01, 2020 ⏰

Add this story to your Library to get notified about new parts!

Again And Again ( အထပ်ထပ်အခါခါ)Where stories live. Discover now