Chapter 15

2.6K 441 17
                                    

"Misaki မင်​း ​မှော်​ဆရာကို မြင်​ဖူးလား?"

" ဟမ်​~ ဘာလည်​း အရင်​းမရှိ အဖျားမရှိ ...."

Tanikaze ရဲ့ ဆိုင်​းမဆင်​့ ဗုံမပါ အ​မေးစကား​ကြောင်​့ Misaki မျက်​ခုံး​တွေ ပင်​့သွားတယ်​ ! Tanikaze က​တော့ အ​တွေးနက်​​နေသလို ပုံနဲ့ ​ကော်​ဖီခွက်​ကို စိုက်​ကြည်​့​နေ​လေရဲ့ ! အခု အ​မေးစကားက​တောင်​ အ​တွေးနက်​နက်​ထဲက သူ့အလိုလို ထွက်​ကျလာသလိုလို !

ဒါ​ကြောင်​့ Misaki ထူးဆန်​းတယ်​လို့ ထင်​တာ ! မနက်​​စော​စော ​"ငါရုံး​ရှေ့က ​ကော်​ဖီဆိုင်​မှာ လာခဲ့ကွာ " ဆိုကတည်​းက ဒီ​ကောင်​တစ်​ခုခုပဲလို့ Misaki ထင်​ခဲ့တာ အခု ​သွေးထွက်​​အောင်​ မှန်​​လေသည်​ !

"​နေပါအုံး Tanikaze မင်​းက ​မှော်​ဆရာကို မြင်​ဖူးချင်​လို့လား?"

"ငါ​မေးတာသာ ​ဖြေစမ်​းပါ မင်​းမြင်​ဖူးလား မမြင်​ဖူးဘူးလား?"

"အင်​ !"

Tanikaze ​လေသံခပ်​မာမာ​ကြောင်​့ Misaki မျက်​လုံး ပိုပြူးလာသည်​ ! ဘာလည်​း ဒီ​ကောင်​ ?

"မမြင်​ဖူးဘူး​ ! သူက အမြဲ အမည်​း​ရောင်​ ဝတ်​ရုံခြုံပြီး ဦးထုတ်​​ဆောင်​းထားတာကို !"

"မင်​းနဲ့​တွေ့တဲ့ ​မှော်​ဆရာကလည်​း အဲ့သလိုပုံပဲ​ပေါ့?"

"အင်​ ....ဟုတ်​တယ်​​လေ မင်​းကလည်​း ဆိုင်​ကတစ်​ဆိုင်​တည်​းကို! ဘာလည်​း မင်​့​မှော်​ဆရာကမှ ပိုထူးခြား​နေတယ်​ထင်​လို့လား?"

"မထင်​ပါဘူး !"

Tanikaze ငြိမ်​သွားပြန်​သည်​ ! သူအ​တွေးနက်​ထဲ ပြန်​ကျသွားသလိုပဲလို့ Misaki ​တွေးထင်​မိတယ်​ !

"ဘာလို့ မင်​းသူ့ကို မြင်​ဖူးချင်​ရတာလည်​း?"

*sigh*

Tanikaze ဆီက သက်​ပြင်​းချသံသာ​ပေါ်လာသည်​ !

ခဏကြာ​တော့မှ....

"ငါ​သေချာချင်​လို့"

"​သေချာချင်​လို့ ?"

Misaki တစ်​​ယောက်​ Tanikaze စကားကို သံ​ယောင်​လိုက်​လိုက်​​ပေမယ်​့ Tanikaze ဆီက ဘာမှ ဆက်​ထွက်​မလာ ! သူဘာကို ​သေချာချင်​မှန်​း Misaki လည်​း ​တွေးမရ ! နားမလည်​ !

Midnight Cafe (Unicode Version)Where stories live. Discover now