God Of What

105 3 4
                                        

April Leaves ကျောင်းတော်ကြီးမှ ကြိုဆိုပါတယ်

ဒီကျောင်းတော်ကြီးကို April Leaves ကျောင်းတော်ကြီးအပြင် April Leaves Castle လို့လည်း ခေါ်ပါတယ်

အရမ်းခမ်းနားတဲ့ ရဲတိုက် ကြီးပေါ့

ဒီကျောင်းတော်ကြီးကို 1720 ခုနှစ်မှာ Master Kim က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း 300 သက်တမ်း ရှိပြီဖြစ်တဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်  

တည်ထောင်ခဲ့တဲ့ Master Kim အကြောင်းကိုတော့ ဘယ်သူကမှ မသိပါဘူး

ကျောင်းရဲ့ အနောက်ဘက်မှာ ပင်လယ် တောင်ဘက်နဲ့ မြောက်ဘက်မှာ တောအုပ်ကြီးနဲ့ လုံးဝကို ပြည့်စုံနေတာပါ

ဒီလောက်ပြည့်စုံတဲ့ ကျောင်းကြီးက ပိုက်ဆံရှိတဲ့ သူဌေးသားသမီးတွေတင် မဟုတ်ပဲ သာမာန်လူ ဆင်းရဲသား အကုန်လုံးကို ကြိုဆိုပါတယ်

အဲ့တိုင်း ပြောလိုက်လို့ လွယ်တယ် ထင်သွားလား အဲ့ဒါဆိုရင်တော့ မှားသွားပါပြီ

ဒီကျောင်းတော်ထဲမှာ ပိုက်ဆံဆိုတာ စာရွက်တစ်ရွက် ထပ်ပိုပြီး တန်ဖိုး မရှိတဲ့ အရာပါ

ဒီကျောင်းတော်မှာ ကောင်းကောင်း အသက်ရှင်ချင်ရင်တော့ အစွမ်းအစအများကြီး လိုပါတယ်

ခဗျား အပြင်မှာ ဘယ်လောက်ပဲ ချမ်းသာတဲ့ လူဖြစ်ဖြစ် ဒီထဲ ရောက်လာပြီး အစွမ်းအစမရှိရင်တော့......................

Ommmmmm Ok.................. ဒီလောက်ပဲ ပြောပြပါ့မယ်

ကျောင်းတော်ကြီး အကြောင်း ဆက်ပြောရအောင်

ဒီကျောင်းကြီးက ဆေးကျောင်းဆိုတဲ့အတိုင်း ဆေးနဲ့ ပတ်သက်တာ အကုန်သင်ပါတယ် အနောက်တိုင်းဆေးက အစ တိုင်းရင်းဆေးကအဆုံး

ဆေးနဲ့ ပတ်သက်တာ အပြင် ကျွန်မတို့ ကျောင်းမှာ ကျောင်းသားတွေ ကြိုက်တာ ရှိရင် လေ့လာ  နိုင်ဖို့အတွက် ပန်းချီ ဂီတ နဲ့ အားကစားတွေလည်း အပိုအနေနဲ့ ထည့်ပေးထားပါတယ်

Ooh မေ့တော့မို့ မိတ်ဆက်ပေးပါရစေ ကျွန်မ နာမည်က NaNa Kim ပါ ဒီ April Leaves ကျောင်းကြီးရဲ့ ပိုင်ရှင်ပေါ့

ကျွန်မ intro တွေ အရှည်ကြီး ဝင်နေရတဲ့ အကြောင်းအရင်းက

ကျွန်မတို့ ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားစရာ ပုံပြင်လေး တစ်ပုဒ်ကို ပြောပြမို့ပါ ကျွန်မအဲ့ကလေးတွေထဲ မပါခဲ့ပေမဲ့ ပြန်ပြောပြနိုင်ပါတယ် ဘာလို့လဲဆိုတော့.............

ဒီလို ထူးထူးဆန်းဆန်း ကျောင်းကြီးရဲ့ ပိုင်ရှင်က သာမာန် လူပါလို့တော့ ရှင်တို့ မထင်ဘူးမလား

My Dear Enemy Donde viven las historias. Descúbrelo ahora