နှူတ်​ခမ်း​ပေါက်​​အောင်​ နမ်း

14.1K 1.8K 76
                                    

မင်္ဂလာပွဲမှာ ​ရှောင်းကျန့်​နှင့်​ ရိ​ပေါ်က သတို့သားအရံလုပ်​သည်​။ ပုံမှန်​မင်္ဂလာပွဲ​တွေဆိုလျှင်​ သတို့သမီးအရံ ပါရဦးမည်​ဖြစ်​​သော်လည်း ​ယောက်ျား​လေးနှစ်ဦး လက်​ထပ်​သည့့်​ပွဲဖြစ်​တာမို့ သတို့သမီးအရံမလို​တော့။

ပွဲမစခင်​ မိတ်​ကပ်​နှင့်​အဝတ်​အစား ပြင်​ဆင်​​ရေးအခန်းမှာ ​အိုဆယ်​ဟွန်းနှင့်​ ကျိုးကျို့လုဟန်​တို့က သပ်​သပ်​ရှိ​နေသည်​။ ​ရှောင်းကျန့်​က တစ်​ဖက်​အခန်းကို ဝင်​လာခဲ့သည်​။

"​ဝေါင်းးး! "

မှန်​​ရှေ့မှာ အနက်​​ရောင်​ Tuxedo နဲ့ ခန့်​ညားရှင်းသန့်​​နေ​သော ဝမ်​ရိ​ပေါ်ကို ကြည့်​ကာ ​ရှောင်းကျန့်​က မျက်​ခုံးပင့်​ကာ လက်​မနှစ်​​ချောင်း ​ထောင်​ပြလိုက်​သည်​။

နှစ်​​ယောက်​အတူယှဉ်​တွဲရပ်​လိုက်​သည့်​အခါ မှန်​မှာ လာထင်​​နေ​သော ​ယောကျာ်းနှစ်​ဦး၏ ပုံရိပ်​သည်​ ရင်​သပ်​ရှူ​မောလွန်း၍ အကြည့်​မလွှဲနိုင်​စရာဖြစ်​နေ​သည်​။

ရှောင်းကျန့်​သည်​လည်း အနက်​​ရောင်​ Tuxedo ကို ဝတ်​ထားတာဖြစ်​ပြီး နှစ်​​ယောက်​မှာ လည်​ပင်းမှာချည်​ထားသည့်​ ဖဲပွင့်​အ​ရောင်​သာ အဖြူနှင့်​အနက်​ဆိုပြီး ကွဲသည်​။

ဒီ​နေ့မင်္ဂလာ​ဆောင်​မယ့်​ ဦး​လေးလုဟန်​တို့အတွဲက​တော့ အဆင်​နည်းနည်းကွဲသည့်​ လုဟန်​၏အကြိုက်​ဆုံးအ​ရောင်​ဖြစ်​တဲ့ အဖြူ​ရောင်​ Tuxedo။

"ကျ​နော် ​ဘယ်​လို​နေလဲ? "

"​ပြောစရာလိုလို့လား? "

ရှောင်းကျန့်​က ပြုံးပြီး ​ ဝမ်​ရိ​ပေါ်၏ လည်​ပင်းက ဖဲပွင့်​အနက်​က​လေးကို ​သေ​သေချာချာချည်​ပေးလာသည်​။သူ့ဘာသာ ​ကောင်း​ကောင်းမွန်​မွန်​ရှိ နေတဲ့ ဖဲပွင့်​လှလှကို တမင်​သပ်​သပ်​ အသားယူချင်​လို့ သွားထိတယ်​​ပြောလည်းရပါတယ်​။

ဒီ​ကောင်​​လေးဟာ သူ့ အသက်​အရွယ်​​လေးနဲ့ မလိုက်​ ဘာဝတ်​ဝတ်​ကို လိုက်​ဖက်​​နေ​တော့တာပဲ။ အခုလို Suitနဲ့ဘာနဲ့ကျ​တော့လည်း လူကြီး​ပေါက်​စ​လေးက ခန့်​ခန့်​ညားညားနဲ့ ကြည့်​​ကောင်းချက်​။

All I Ever Need Is You Where stories live. Discover now