First Kiss

14.8K 2K 200
                                    

ဒီ​နေ့ ​ရှောင်းကျန့်​က ပထမနှစ်​အတန်းကို ဝင်​ရမယ့်​ အချိန်​မပါဘူး။ ဒါ​ပေမယ့်​ ဝမ်​ရိ​ပေါ်က ​နေ့လည်​ Lunch Break မတိုင်​ခင်​ကတည်းက ​ရှောင်းကျန့်​ဆီကို စာတစ်​​စောင်​ပို့ထားသည်​။

Cafeteria မှာ ​နေ့လည်​စာ အတူတူစားဖို့ သူ ​စောင့်​​နေမယ်​ဆိုတဲ့အ​ကြောင်း။

အလုပ်​​တွေ လက်​စသတ်​ပြီးတဲ့အခါ ​ရှောင်းကျန့်​က ​Cafeteria ကို ထွက်​လာခဲ့သည်​။

ဝင်​လာလျှင်​ လာချင်း ပြတင်း​ပေါက်​အနားက စားပွဲဝိုင်းမှာ ဝမ်​ရိ​ပေါ်​စောင့်​​နေတာကိုမြင်​လိုက်​ရသည်​။ ဝမ်​ရိ​ပေါ် တင်​ မက တခြား​ကောင်​မ​လေး တစ်​​ယောက်​လည်း ရှိ​သေးသည်​။

အနီးကို​ရောက်​​တော့မှ အဲ့​ကောင်​မ​လေးက ​မေဂျာကွင်းမ​လေး ဖြစ်​​နေတာ သိလိုက်​သည်​။

"ကျန့်​​ကော လာပြီလား? "

ဝမ်​ရိ​ပေါ်က သူ့အတွက်​ပါ စားစရာ​တွေ ကြိုတင်​ယူ​ပေးထားတာမှန်​​ပေမယ့်​ ​ဘေးခုံမှာ အကျအနထိုင်​ပြီး တူတူစားမယ့်​သ​ဘောရှိတဲ့ ​ကျောင်းသူမ​လေး​ကြောင့်​ ​ရှောင်းကျန့်​က အစီအစဉ်​​ပြောင်းလိုက်​တယ်​။

"ဝမ်​ရိ​ပေါ်..ငါ တစ်​​နေရာကို အ​ရေးတကြီးသွားစရာရှိလို့..လိုက်​ပို့​ပေးလို့ရမလား? "

" ဟင်​?...အင်း...ရတယ်​...သွားမယ်​​လေ "

ဝမ်​ရိ​ပေါ်က ​ကျောပိုးအိတ်​ကို ​ကောက်​လွယ်​ပြီး ခုံက ချက်ချင်းထသည်​။ 

ရောချင်​​နေတဲ့ ကွင်းမ​လေးက​တော့ ​နေရာမှာ တစ်​​ယောက်​တည်းကျန်​​နေခဲ့​တော့သည်​။

"ဘာဖြစ်​​လို့လဲ ကျန့်​​ကော? "

"ဘာမှ မဖြစ်​ဘူး..အပြင်​မှာ ​နေ့လည်​စာ စားမလို့ "

ဘာမှပြန်​မ​ပြောတဲ့ ဝမ်​ရိ​ပေါ်ကို ​ရှောင်းကျန့်​က လှည့်​ကြည့်​တဲ့အခါ သူသိ​နေပါတယ်​ဆိုတဲ့ ရုပ်​ကြီးနှင့်​ တည့်​တည့်​တိုးသည်​။

"ဘာမှ​လျှောက်​​တွေးမ​နေနဲ့..ဒီ​နေ့ ​Cafeteria က ဟင်း​တွေ မကြိုက်​လို့  "

All I Ever Need Is You Where stories live. Discover now