ရေချိုး၊အင်္ကျီလဲပြီးသားမို့ ဒီတိုင်းထွက်လည်း ရလောက်ပါသည်။ ပြင်ထားသည့် မနက်စာကို အုပ်ဆောင်းအုပ်ခဲ့ပြီး "သူစားချင်စားမှာပေါ့"ဆိုသည့်စိတ်နှင့် Stick note လေးကပ်ဖို့လည်း Jey သတိမမေ့ပါ။

ခန့်တည် /
ဘာဖြစ်လာလဲတော့အစ်ကိုမသိဘူး၊ အစ်ကို့ကိုစိတ်ဆိုးနေတာဆိုလည်း အစ်ကိုတောင်းပန်တယ်၊ ခုတော့ မားနဲ့ ဘုရားသွားလိုက်ဦးမယ်၊ ညနေကျတွေ့မယ်နော်၊ Baymax ကိုလည်း အစာကျွေးထားပေး။
/Jey

အပြင်ကလူ ထွက်သွားမှ လူညစ်လေး ခန့်တည်ထွက်လာတော့သည်။ အုပ်ဆောင်းနှင့် stick note ကိုကြည့်ပြီး ရယ်နေသည်မှာ ခုန သူမဟုတ်သည့်အတိုင်း။

"Sorry အစ်ကို၊ surprise ဆိုတာ ကြိုပေးမသိရဘူးတဲ့"

~~~~~~

"ခန့်တည်နဲ့ စိတ်ကောက်ထားလား သား"

ဒေါ်နွေးနွေးလှိုင်ခမျာ မေးသာမေးရသည်။ သားဖြစ်သူကိုကြည့်ပြီး အားမရ။ နေ့လည်စာစားတော့လည်း တငေးငေး တမှိုင်မှိုင်။ ယခုလည်းပန်းကန်ထဲက အသီးတချို့ကို ဟိုထိုးဒီဆွ။

"မဟုတ်ပါဘူး မားရယ်"

လေသံက ဖျော့ဖျော့ကလေး။

"မားလည်း ငယ်ရာကကြီးလာတာပါသားရယ်၊ ပြော ဘာဖြစ်လဲ"

Jey ပြောပြလိုက်ချင်ပါသည်။ သို့သော် မားက ခန့်တည်အပေါ် စိတ်ကွက်သွားမှာကိုလည်း မလိုလား။

"မဟုတ်ပါဘူး၊ သားဟာ့သား စိတ်ညစ်စရာ တချို့ရှိလို့ပါ"

စိတ်ရှုပ်နေသည်လေ။ ချစ်ရသူက ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိ၊ စိမ်းစိမ်းကားကား စကားနှစ်ခွန်းပြောလိုက်တာကို Jeyနန္ဒတို့ ငိုချင်နေသည်လေ။ ပျော်အောင်ရော စိတ်မကောင်းအောင်ရော ခြယ်လှယ်နိုင်လွန်းသည့် ခန့်တည်က ဆိုးပါဘိ။

~~~~~~~

တစ်ဖက်မှာတော့ ခန့်တည်ကြည်နိုင်တို့ ကမ္ဘာပျက်ချက်။

"အစ်ကို့ကို surprise လုပ်မယ်၊ အိမ်ကို decoration လုပ်မယ်"ဟုတေးထားသမျှ Baymax ကြောင့်ပျက်ကုန်တော့သည်။ အစက Baymax အဖော်ရအောင် Corgi ခွေးလေးတစ်ကောင် အစ်ကို့ကိုမွေးနေ့လက်ဆောင်မှာပေးခဲ့သည်။ ခုတော့ ခွေးအသစ်နှင့်ခွေးအဟောင်းဟာ 406A ထဲမှာ ပျော်မြူးလို့သာ။

Rhyme Made Of Love (Completed)Where stories live. Discover now